နိုဘယ်လ်ဆုရ

October 8, 2020

မျိုးဗီဇပြောင်းသည့်နည်းလမ်း ထီထွင်ခဲ့သူ အမျိုးသမီးသိပ္ပံပညာရှင် ၂ ဦး နိုဘယ်လ်ဆုရ

မျိုးဗီဇ ပြောင်းအောင်လုပ်တဲ့နည်းလမ်းကို တီထွင်ခဲ့တဲ့ အမျိုးသမီးသိပ္ပံပညာရှင် အီမန်နျူယယ် ရှာပန်တီယာနဲ့ ဂျနီဖှာဒေါ့ဒ်နာတို့ဟာ ၂၀၂၀ ဓာတုဗေဒဆိုင်ရာနိုဘယ်လ်ဆုကို ရရှိခဲ့တယ်လို့ ဆုပေးရေးအဖွဲ့က အောက်တိုဘာ ၇ ရက်မှာ ကြေညာပါတယ်။  ပြင်သစ်နိုင်ငံသူ ရှာပန်တီယာနဲ့ အမေရိကန်နိုင်ငံသူ ဒေါ့ဒ်နာတို့ဟာ ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုရတဲ့ ခြောက်ယောက်နဲ့ ခုနှစ်ယောက်မြောက် အမျိုးသမီးတွေ ဖြစ်လာခဲ့ပါတယ်။  ၁၉၁၁ ခုနှစ်တုန်းကလည်း ပြင်သစ်အမျိုးသမီး မယ်ရီကျူရီဟာ ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆု ရခဲ့သလို မကြာသေးခင် ၂၀၁၈ ခုနှစ်ကလည်း အမေရိကန်အမျိုးသမီး ဖရန်ဆက် အာနိုးဟာ ဓာတုဗေဒနိုဘယ်လ်ဆုကို အသီးသီးဆွတ်ခူးခဲ့ဖူးပါတယ်။  အစဉ်အလာအရ နှစ်စဉ် ဓာတုဗေဒဆိုင်ရာ နိုဘယ်လ်ဆုကို ဆေးပညာနဲ့ ရူပဗေဒ နယ်ပယ်တွေ ပြီးရင် တတိယမြောက်ဆုအဖြစ် ပေးအပ်ပါတယ်။  ဆွီဒင် ဒိုင်းနမိုက်တီထွင်သူနဲ့ စီးပွားရေးသမား အဲဖရဒ်နိုဘယ်လ်ရဲ့ သေတမ်းစာအရ ၁၉၀၁ ခုနှစ်က စပြီး သိပ္ပံ၊ စာပေနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်သူတွေအတွက် နိုဘယ်လ်ဆုကို ဖန်တီးချီးမြှင့်တာပါ။  နောက်ပိုင်းမှာတော့ စီးပွားရေးနယ်ပယ်အတွက် နိုဘယ်ဆုကို ထပ်ပေါင်းထည့် ချီးမြှင့် ခဲ့ပါတယ်။
12 months Ago
Up