နိုထရီဒမ်းဘုရားကျောင်း

August 21, 2019

မီးဘေးသင့်ခဲ့သည့် ပါရီမြို့ နော်ထရီဒမ်း ဘုရားကျောင်း တည်ဆောက်ရေးလုပ်ငန်း ပြန်စ

ပြင်သစ်နိုင်ငံ ပါရီမြို့က မီးဘေးသင့်ခဲ့တဲ့ နော်ထရီဒမ်း ဘုရားကျောင်းကြီး တည်ဆောက်ရေးလုပ်ငန်းတွေကို သြဂုတ် ၁၉ ရက်နေ့မှာ ပြန်စခဲ့ပါတယ်။ ခဲဆိပ်သင့်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဘုရားကျောင်း တည်ဆောက်ရေးကို ခေတ္တဆိုင်းငံ့ထားတာပါ။ ဘုရားကျောင်းထဲ ပြိုကျမယ့်အန္တရာယ် ရှိတာမို့ ခိုင်ခံ့ရေးလုပ်ငန်းဟာ အလွန်အရေးကြီးတယ်လို့ ပြင်သစ်ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။ ဇူလိုင်လအတွင်း အပူချိန်ဟာ ၄၂ ဒသမ ၆ အထိ ရောက်ပြီးနောက်မှာ လောလောလတ်လတ် စီထားတဲ့ ကျောက်တုံးတွေ ပြိုကျခဲ့ပါတယ်။ အဲဒီနောက် မူလတန်းကျောင်းတွေ အပါအဝင် လေထုထဲနဲ့ အနီးဝန်းကျင်တွေမှာ ခဲဆိပ်ပမာဏ မြင့်မားတာကို သိရှိခဲ့ပါတယ်။ ကလေးတဦး ခဲဆိပ်သင့်တာကို သိရှိပြီးနောက်မှာတော့ ဇူလိုင် ၂၅ ရက်နေ့က ဘုရားကျောင်း တည်ဆောက်ရေးလုပ်ငန်းကို ခေတ္တဆိုင်းငံ့ခဲ့ပါတယ်။ အခုအခါမှာတော့ ညစ်ညမ်းမှုတိုက်ဖျက်ရေး အဖွဲ့တွေကို အသုံးပြုပြီး ဘုရားကျောင်းအတွင်း ခဲဆိပ်သန့်စင်ရေး လုပ်သွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးလုပ်သားတွေကိုလည်း ခဲဆိပ်အန္တရာယ် သတိပေးသင်တန်းတွေ ပို့ချပြီး သူတို့သွေးအတွင်း ပါဝင်တဲ့ ခဲဓာတ်ပမာဏကို ပုံမှန်စစ်ဆေးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version မီးေဘးသင့္ခဲ့သည့္ ပါရီၿမိဳ႕ ေနာ္ထရီဒမ္း ဘုရားေက်ာင္း တည္ေဆာက္ေရးလုပ္ငန္း ျပန္စ DVB ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕က မီးေဘးသင့္ခဲ့တဲ့ ေနာ္ထရီဒမ္း ဘုရားေက်ာင္းႀကီး တည္ေဆာက္ေရးလုပ္ငန္းေတြကို ၾသဂုတ္ ၁၉ ရက္ေန႔မွာ ျပန္စခဲ့ပါတယ္။ ခဲဆိပ္သင့္တယ္ဆိုတဲ့ စိုးရိမ္မႈေတြေၾကာင့္ ဘုရားေက်ာင္း တည္ေဆာက္ေရးကို ေခတၱဆိုင္းငံ့ထားတာပါ။ ဘုရားေက်ာင္းထဲ ၿပိဳက်မယ့္အႏၲရာယ္ ရွိတာမို႔ ခိုင္ခံ့ေရးလုပ္ငန္းဟာ အလြန္အေရးႀကီးတယ္လို႔ ျပင္သစ္ယဥ္ေက်းမႈ ဝန္ႀကီးဌာနက ေျပာပါတယ္။ ဇူလိုင္လအတြင္း အပူခ်ိန္ဟာ ၄၂ ဒသမ ၆ အထိ ေရာက္ၿပီးေနာက္မွာ ေလာေလာလတ္လတ္ စီထားတဲ့ ေက်ာက္တုံးေတြ ၿပိဳက်ခဲ့ပါတယ္။ အဲဒီေနာက္ မူလတန္းေက်ာင္းေတြ အပါအဝင္ ေလထုထဲနဲ႔ အနီးဝန္းက်င္ေတြမွာ ခဲဆိပ္ပမာဏ ျမင့္မားတာကို သိရွိခဲ့ပါတယ္။ ကေလးတဦး ခဲဆိပ္သင့္တာကို သိရွိၿပီးေနာက္မွာေတာ့ ဇူလိုင္ ၂၅ ရက္ေန႔က ဘုရားေက်ာင္း တည္ေဆာက္ေရးလုပ္ငန္းကို ေခတၱဆိုင္းငံ့ခဲ့ပါတယ္။ အခုအခါမွာေတာ့ ညစ္ညမ္းမႈတိုက္ဖ်က္ေရး အဖြဲ႔ေတြကို အသုံးျပဳၿပီး ဘုရားေက်ာင္းအတြင္း ခဲဆိပ္သန္႔စင္ေရး လုပ္သြားမယ္လို႔ ယဥ္ေက်းမႈဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။ ဒါ့အျပင္ ေဆာက္လုပ္ေရးလုပ္သားေတြကိုလည္း ခဲဆိပ္အႏၲရာယ္ သတိေပးသင္တန္းေတြ ပို႔ခ်ၿပီး သူတို႔ေသြးအတြင္း ပါဝင္တဲ့ ခဲဓာတ္ပမာဏကို ပုံမွန္စစ္ေဆးသြားမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
2 years Ago
Up