နိုင်ပွဲ ၁ ပွဲ သစ်ပင် ၃၀၀၀

July 8, 2020

 နိုင်ပွဲ ၁ ပွဲ သစ်ပင် ၃၀၀၀ နှုန်း နိုဝင်ဘာလ စတင်စိုက်ပျိုးမည်ဟု ဘယ်လာရင် ပြော

ကတိပေးထားတဲ့အတိုင်း လာမယ့်နိုဝင်ဘာလမှာ သစ်ပင်တွေ စိုက်ပျိုးသွားဖို့ စီစဉ်ထားတယ်လို့ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်က အသိပေးလိုက်ပါတယ်။  ဘယ်လာရင်ဟာ ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ချိန်က အာဆင်နယ်အသင်းနိုင်ပွဲ တစ်ပွဲရလျှင် သစ်ပင် ၃ ထောင် စိုက်ပျိုးသွားမယ်လို့ တွစ်တာကနေတဆင့် ကတိပေးထားခဲ့တာပါ။  ဘယ်လာရင်ဟာ One Tree Planted ဆိုတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကာဗွန်ဓာတ်ငွေ့တွေ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး လူမှုရေးလုပ်ငန်း တခုအနေနဲ့ လုပ်ဆောင်ခဲ့တာပါ။  ငယ်စဉ်ကတည်းက အဘိုးဖြစ်သူနဲ့အတူ ဥယျာဉ်ထဲမှာ သစ်ပင်စိုက်ပြီး ဆော့ကစားခဲ့တာကြောင့် သစ်ပင်စိုက်ပျိုးတာတွေနဲ့ ရင်းနှီးပြီးသားဖြစ်တယ်လို့ ဘယ်လာရင်က ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ဘောလုံးပွဲတွေ ပြန်လည်စတင်ပြီးနောက် မန်စီးတီးနဲ့ ဘရိုက်တန်အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲစလုံး အနိုင်ရထားပြီး လက်စတာနဲ့ ပွဲမှာ သရေကျထားတာပါ။ ဒါကြောင့် ဘယ်လာရင်အနေနဲ့ သူ့ရဲ့ကတိအတိုင်း နိုင်ပွဲတပွဲအတွက် အပင် ၃၀၀၀ နဲ့ ၄ ပွဲအတွက် သစ်ပင် ၁၂,၀၀၀ စိုက်ပျိုးသွားရမှာဖြစ်ပါတယ်။  သစ်စေ့တွေ စိုက်ပျိုးနေတဲ့ ဓာတ်ပုံနဲ့အတူ လာမယ့် နိုဝင်ဘာရောက်ရင်  မိုးသစ်တောထဲမှာ စိုက်ပျိုးသွားမယ်လို့ ဘယ်လာရင်က တွစ်တာကနေ အသိပေးခဲ့ပါတယ်။
10 months Ago
Up