နိုင်ပွဲရ (ရုပ်သံ)

November 9, 2019

ဝက်ဖို့ဒ်အသင်း ပရီးမီးယားလိဂ် ပထမဆုံး နိုင်ပွဲရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ကြားပွဲစဉ်မှာ တန်းဆင်းဇုန် အောက်ဆုံးမှာ ရှိနေတဲ့ ဝက်ဖို့ဒ်အသင်းက နော်ဝစ်ချ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။  ဒီနိုင်ပွဲဟာ ဝက်ဖို့ဒ်အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး နိုင်ပွဲရတာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ်အတွက် အနိုင်ဂိုးတွေကို ပွဲအစ ၂ မိနစ်နဲ့ ၅၂ မိနစ်မှာ သွင်းယူပါတယ်။  ဒီပွဲမှာ အိမ်ရှင် နော်ဝစ်ချ်အသင်းက ဘောလုံးပိုင်ဆိုင်မှု သာသလို ထိုးဖောက်ကန်သွင်းခွင့် ပိုရခဲ့ပါတယ်။ ဝက်ဖို့ဒ်က ၂ ကြိမ်ပဲ အခွင့်အရေးရပြီး အနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့တာပါ။  ဒီပွဲနိုင်လို့ ဝက်ဖို့ဒ် အသင်းက ၈ မှတ်နဲ့ အဆင့် ၁၈ နေရာကို တက်သွားပါတယ်။ နော်ဝစ်ချ်ကတော့ ၇ မှတ်နဲ့ အောက်ဆုံး အဆင့် ၂၀ ကို လျော့ကျသွားပါတယ်။ 
2 years Ago
Up