နိုင်ပွဲမရ

December 19, 2020

နိုင်ပွဲမရသည့် ရှော်ကေးအသင်းနည်းပြ မန်နူရယ်ဘရမ်ကို ရာထူးက ထုတ်

ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းဟာ နည်းပြ မန်နူရယ်ဘာရမ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာ ၂၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ ဘာရမ်ကို သောကြာနေ့က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။  ယာယီနည်းပြအနေနဲ ဟော်လန်နည်းပြ တစ်ဦးဖြစ်သူ ဟတ်ဘ်စတီဗင်ကိုလည်း တစ်ပါတည်း ခန့်အပ်ခဲ့ပါတယ်။  အသက် ၆၇ နှစ်ရှိ စတီဗင်က ရှော်ကေးကို ၄ ကြိမ်မြောက် ကိုင်တွယ်တာ ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၂ ခုနှစ်အထိ ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီး ၂၀၁၁ ကနေ ၂၀၁၂ အထိ ဒုတိယအကြိမ်၊ ၂၀၁၈-၂၀၁၉ ရာသီအကုန်ကာလမှာ တတိယအကြိမ် တာဝန်ယူခဲ့ဖူးတာပါ။  ရှော်ကေးအသင်းဟာ ဒီကနေ့မှာ ဘီလက်ဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး အုပ်စုအောက်ဆုံးနေရာကနေ ရုန်းထွက်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
12 months Ago

October 18, 2020

ခြေစွမ်းဘယ်လောက်ကောင်းကောင်း ခံစစ်မကောင်းရင် နိုင်ပွဲမရနိုင်- လမ်းပတ် (ရုပ်သံဟိုက်လိုက်)

ခြေစွမ်းဘယ်လောက်ကောင်းကောင်း ခံစစ်က ဂိုးတွေ အလွယ်တကူပေးနေရတာကို စိတ်ပျက်မိကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။  ချဲလ်ဆီးအသင်းဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ တီမိုဝါနာရဲ့ ဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ ပေမဲ့လည်း ဆောက်သမ်တန်အသင်းက ချေပဂိုးတွေ လိုက်သွင်းခဲ့တာပါ။  ပွဲချိန် ၅၉ မိနစ်မှာ ခိုင်ဟာဗက်ဇ်က ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ ပွဲပြီးခါနီးမှာ ဆောက်သမ်တန်က ချေပဂိုးပြန်သွင်းသွားလို့ ၃ ဂိုး စီသရေကျခဲ့တာဖြစ်ပါတယ်။  အိမ်ကွင်းပွဲစဉ်မှာ အမှတ်ပြည့် ရချင်ပေမဲ့ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်သာရရှိခဲ့ပြီး ဆောက်သမ်တန်ရဲ့ ခြေစွမ်းကိုလည်း လေးစားကြောင်း နည်းပြလမ်းပတ်ကပြောပါတယ်။ ဒါပေမဲ့လည်း ခံစစ်ပိုင်းက လွယ်ကူတဲ့ ဂိုးတွေ ခွင့်ပြုနေရမယ်ဆိုရင်တော့ ခြေစွမ်း ဘယ်လောက်ကောင်းကောင်း နိုင်ပွဲရယူနိုင်မှာ မဟုတ်ကြောင်း နည်းပြလမ်းပတ်ကပွဲ အပြီးမှာ ပြောပါတယ်။  ဆောက်သမ်တန်နည်းပြ ဟတ်ဆန်ဟက်တယ်ကတော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ သရေတစ်မှတ်ရဖို့ မလွယ်ကြောင်း၊ အသင်းအတွက် ထိုက်တန်တဲ့ ရလဒ်ဖြစ်ကြောင်း ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up