နိုင်ငံ ၂၀

A d v e r t i s e m e n t With Us

April 13, 2020

ကိုရိုနာ ဖြစ်နေသည့် မြန်မာအပါအဝင် နိုင်ငံ ၂၀ ကို ဂျပန်အစိုးရက တုပ်ကွေးဆေး အခမဲ့ပေးမည်

နိုင်ငံပေါင်း ၂၀ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကို ကုသရာမှာ အသုံးပြုနိုင်ရေးအတွက် ဂျပန်အစိုးရက တုပ်ကွေးဆေး Avigan ကို အခမဲ့ ဝေငှသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတီဂီက ပြောပါတယ်။ ဒီဆေးဟာ လက်ရှိအချိန်အထိ စမ်းသပ်မှုတွေ လုပ်ဆောင်နေတဲ့ ဆေးဖြစ်ပြီးတော့ ဆေးကို ရရှိမယ့်နိုင်ငံပေါင်း ၂၀ မှာ ဘူလ်ဂေးရီးယား၊ ချက်၊ အင်ဒိုနီးရှား၊ အီရန်၊ မြန်မာ၊ ဆော်ဒီနဲ့ တူရကီတို့ ပါဝင်ပါတယ်။  ဒါ့အပြင်  နောက်ထပ်နိုင်ငံပေါင်း ၃၀ လောက်ကလည်း ဒီဆေးကိုရရှိဖို့ စိတ်ဝင်စားနေတယ်လို့ မိုတီဂီက ပြောပါတယ်။ ဒီဆေးဟာ Favipiravir လို့ လူသိများပြီး ဆေးကို Fujifilm Holdings Crop ရဲ့ ကုမ္ပဏီခွဲတခုက ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဂျပန်အစိုးရဟာ ဒီဆေးကို ဝယ်ယူဖို့အတွက် United Nations Office for Project Services ကို ဒေါ်လာ ၁ သန်းပေးသွားမှာဖြစ်ပြီး ဆေးကိုလည်း ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။ “Avigan ဆေးကို နိုင်ငံတကာအတိုင်းအတာနဲ့ စမ်းသပ်စစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ စိတ်ဝင်စားတဲ့ တိုင်းပြည်တချို့နဲ့ ပူးတွဲဆောင်ရွက်သွားမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒီဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာတွေမှာ အထူးသဖြင့် COVID – 19 ရဲ့ မပြင်းထန်တဲ့ရောဂါလက္ခဏာရှိသူတွေမှာ ထိရောက်မှုရှိတယ်လို့ ဝူဟန်တက္ကသိုလ်နဲ့ တရုတ်နိုင်ငံတွင်းမှာရှိတဲ့ တခြားသောအဖွဲ့အစည်းတွေက သုတေသီတွေက ပြောဆိုထားပါတယ်။
11 months Ago
Up