နိုင်ငံ ၁၀၀

A d v e r t i s e m e n t With Us

May 29, 2020

ဂျပန်သို့ နိုင်ငံ ၁၀၀ ကျော်က လာရောက်သူများကို တားမြစ်

ဂျပန်အစိုးရဟာ နိုင်ငံပေါင်း ၁၁၁ နိုင်ငံက လာရောက် လည်ပတ်သူတွေကို မေလ၂၈ရက်က စပြီး တားမြစ်ပိတ်ပင်သွားမယ်လို့ ဂျပန်သတင်းဌာန ကျိုဒိုက ကြေညာလိုက်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှု ထိန်းချုပ်ရေး အားထုတ်မှုအနေနဲ့ အိန္ဒိယ အပါအဝင် နောက်ထပ် ၁၀ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်မှု တိုးချဲ့မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တနင်္လာနေ့က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အဲဒီနိုင်ငံတွေဆီ သွားဖူးတဲ့ လူတွေကိုလည်း ပြည်ဝင်ခွင့် မပေးပါဘူး။  အဲဒီဒေသတွင်း နိုင်ငံတွေဆီ ဘယ်လိုကိစ္စနဲ့မဆို သွားတာကို မလုပ်ဖို့လည်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာန ခရီးသွားအကြံပြုချက်အတွင်း တိုက်တွန်းထားပါတယ်။  ဇွန်လကုန်အထိ ဂျပန် နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားကနေ ဂျပန်ကို လာတဲ့ လူတိုင်းကို ပြည်ဝင်ခွင့် ဆိုင်းငံ့တာ၊ ၁၄ ရက်ကြာ ရောဂါ ခြေချုပ်နဲ့ ထိန်းသိမ်းထားတာ အပါအဝင် နယ်စပ် ထိန်းချုပ်ရေး တခြားလုပ်ဆောင်ချက်တွေကို ဂျပန်အစိုးရက ဆက်ကျင့်သုံးသွားမယ်လို့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ရေး အစိုးရ အစည်းအဝေးအတွင်း အာဘေးက ပြောပါတယ်။ ဂျပန်နိုင်ငံကို နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ ဒီလုပ်ဆောင်ချက်တွေ စကတည်းက ထိုးဆင်းသွားခဲ့တာပါ။ ပြည်တွင်း လူဝင်မှုဟာ မနှစ်က အလားတူ အချိန်နဲ့စာရင် ဧပြီလထဲမှာ ၉၉.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စုစုပေါင်း လူအယောက် ၂၉၀၀ သာ ဝင်ခဲ့တယ်လို့ ဂျပန် ခရီးသွားလုပ်ငန်း အေဂျင်စီက ပြောပါတယ်။
9 months Ago
Up