နိုင်ငံအလိုက်ဘောလုံးအဆင့်သတ်မှတ်ချက်

December 21, 2019

မြန်မာအမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့အဆင့် ၄၄ ကိုတက်လာ၊ အမျိုးသားအသင်း အဆင့် ၁၃၆ တွင်ဆက်ရှိနေ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဒီဇင်ဘာလအတွက် နောက်ဆုံးထုတ်ပြန်လိုက်တဲ့ နိုင်ငံအလိုက်ဘောလုံးအဆင့်သတ်မှတ်ချက်အရ မြန်မာအမျိုးသမီးအသင်းက ကမ္ဘာ့အဆင့် ၄၄ နဲ့ အမျိုးသားအသင်းက ကမ္ဘာ့အဆင့် ၁၃၆ မှာ ရပ်တည်နေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ အရင်ကထက် တဆင့် တက်လာတာဖြစ်ပြီး မြန်မာအမျိုးသား အသင်းကတော့ အရင်လကအတိုင်းပဲ ကမ္ဘာ့အဆင့်သတ်မှတ်ချက် မပြောင်းလဲဘဲ ဆက်လက်ရပ်တည် နေတာပါ။ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ မြန်မာအမျိုးသားအသင်းရဲ့အထက်မှာ ဖိလစ်ပိုင်က ကမ္ဘာ့အဆင့် ၁၂၄ ၊ ထိုင်းက ၁၁၃ နဲ့ ဗီယက်နမ်ကတော့ ၉၄ မှာ အသီးသီးရပ်တည်နေပါတယ်။ အာဆီယံ အမျိုးသမီးဘောလုံးအသင်းတွေထဲမှာလည်း မြန်မာရဲ့အထက်မှာ ထိုင်းက အဆင့်တဆင့်တက်လာပြီး  ကမ္ဘာ့အဆင့် ၃၈ မှာ ရပ်တည်နေကာ ဗီယက်နမ်က အရင်ကထက် အဆင့် ၂ ဆင့်တိုးလာပြီး ကမ္ဘာ့အဆင့် ၃၂ မှာ ရပ်တည်နေပါတယ်။ အာဆီယံဒေသတွင်းမှာ အဆင့်အမြင့်ဆုံးပြိုင်ပွဲတခုဖြစ်တဲ့ ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ မြန်မာအမျိုးသမီးအသင်းရော မြန်မာအမျိုးသား ယူ ၂၂ ဘောလုံးအသင်းပါ တတိယ ကြေးတံဆိပ်ရရှိခဲ့ပါတယ်။   
2 years Ago
Up