နိုင်ငံသား ၁၅ သန်း

October 10, 2020

နိုင်ငံသား ၁၅ သန်းအတွက် ကာကွယ်ဆေးဝယ်မည်ဟု တရုတ်ပြော

တရုတ်နိုင်ငံ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၁၅ သန်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်ကာကွယ်ဆေး COVAX အစီအစဉ်ကနေ ကာကွယ်ဆေးတွေ ဝယ်ယူသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။  တရုတ်ဟာ တခြားနိုင်ငံတွေနည်းတူ လူဦးရေ တစိတ်တပိုင်းအတွက် COVAX အစီအစဉ်ကနေ ကာကွယ်ဆေး ဝယ်သွားမယ်လို့COVAX ကို ပူးတွဲ ဦးဆောင်နေတဲ့ GAVI (ဂတ်ဗွီ) ကာကွယ်ဆေးမိတ်ဖက်အဖွဲ့အစည်းက အစောပိုင်းမှာ ပြောဆိုထားပါတယ်။ တကယ်လို့ တရုတ်ဟာ သူရဲ့ လူဦးရေ ၁ ဒသမ ၄ ဘီလီယံအတွက် ကာကွယ်ဆေး ဝယ်လိုက်ရင် ဒီအစီအစဉ်အရ  ရနိုင်တဲ့ ကာကွယ်ဆေး ပထမအသုတ်ဟာ တခြားနိုင်ငံတွေ အဖို့ နည်းပါးသွားနိုင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။  လက်ရှိမှာ တရုတ်ရဲ့ ပြည်တွင်းထုတ် ကာကွယ်ဆေး ၄ မျိုးထက်မနည်းဟာ စမ်းသပ်မှု နောက်ဆုံးအဆင့်တွေကို ရောက်နေပြီး အဲဒီကာကွယ်ဆေးတွေကို နိုင်ငံတကာမှာ သုံးနိုင်အောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဆွေးနွေးနေတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။
7 months Ago
Up