နိုင်ငံသား တသန်းကျေ

March 31, 2020

အမေရိကန်နိုင်ငံသား ၁သန်းကျော်ကို COVID-19 စစ်ဆေးပြီးဟု သမ္မတထရမ့်ကြေညာ

အမေရိကန်နိုင်ငံသား တသန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ်  ရှိ မရှိ ၊ စစ်ဆေးပြီးပြီလို့သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။    လူတသန်းကျော် စစ်ဆေးပြီးတာကို  သမ္မတ ထရမ့်က သမိုင်းမှတ်တိုင် တခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့တာပါ။  အဲဒီနောက် ဗိုင်းရပ်စ်ပျံ့နှံ့တာကို ကာကွယ်ဖို့  ဧပြီလတလလုံး တဦးနဲ့ တဦး ခပ်ခွါခွါ နေတဲ့ အစီအမံတွေကို လိုက်နာကြဖို့  နိုင်ငံသားအားလုံးကို သမ္မတ ထရမ့်က တိုက်တွန်းလိုက်ပါတယ်။   အိမ်ဖြူတော်မှာလုပ်တဲ့ သတင်းစာ  ရှင်းလင်းပွဲအတွင်း သမ္မတ ထရမ့်က  လာမယ့် ရက် ၃၀ ဟာ စိန်ခေါ်တဲ့ ကာလတစ်ခုဖြစ်ပြီး  ဒါဟာ အသက်တမျှ အရေးကြီးတဲ့ရက်ပေါင်း ၃၀ ဖြစ်တယ်လို့ ထရမ့်က သတင်းထောက်တွေကို ပြော ပါတယ်။   မတ်လ  ၃၁ ရက် Worldometer  ဝက်ဘ် ဖော်ပြချက်အရ အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ  ၃,၁ ၆၅ ဦး အထိ ရှိလာပြီး ကူးစက်ခံရသူကတော့ ၁၆၄,၀၀၀ ကျော် ဖြစ်ပါတယ်။   ကူးစက်ခံရာကနေ ပြန်ကောင်းလာသူ  ၅,၅၀၀ ကျော် ရှိတယ်လို့လည်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။   
2 years Ago
Up