နိုင်ငံသား

A d v e r t i s e m e n t With Us

November 13, 2020

သြစတြေးလျအစိုးရက ပြည်ပတွင်ပိတ်မိနေသည့်နိုင်ငံသားများကို ဦးစားပေးပြန်ခေါ်မည်

သြစတြေးလျအစိုးရအနေနဲ့ ပြည်ပမှာ ပိတ်မိနေတဲ့ မိခင်နိုင်ငံသားတွေ ခေါ်ယူရေးကို ဦးစားပေးမှာမို့  နိုင်ငံခြားသားကျောင်းသားတွေကို ပြန်လာခွင့်ပြုမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။  ကိုဗစ်-၁၉ ပျံ့နှံ့မှုနှုန်းနှေးသွားစေဖို့  မတ်လကတည်းက သြစတြေးလျဟာ နိုင်ငံသား မဟုတ်သူတွေနဲ့ အမြဲနေထိုင်ခွင့်ရသူတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။  တချိန်တည်းဆိုသလို သြစတြေးလျတက္ကသိုလ် နဲ့ CSL လီမိတက်တို့ ပူးတွဲ ဖော်စပ်တဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေး ကနဦးအဆင့်က ဘေးကင်းပြီး ပဋိပစ္စည်း တုံ့ပြန်မှုကို ထုတ်လုပ်ပေး တယ်လို့ ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာလ ၁၃ ရက်မှာပဲ ပြောဆိုပါတယ်။  သြစတြေးလျဟာ ကွင်းစလန်တက္ကသိုလ်က ထုတ်ဖော်တဲ့ အလားအလာရှိ ကာကွယ်ဆေး အလုံးရေ ၅၁ သန်း ဝယ်ယူဖို့  သဘောတူထားတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။
4 months Ago

အာမေးနီးယားဝန်ကြီးချုပ် ရာထူးမှဆင်းပေးရန် နိုင်ငံသားများ တောင်းဆို

သီတင်းပတ် ၆ပတ်ကြာ တိုက်ပွဲအပြီး နာဂေါ်နို ခါရာဘတ် ဒေသအတွင်း အဇာဘိုင်ဂျန် စစ်တပ်က ထိုးစစ်ဆင်ပြီး ပိုင်နက်အသာရသွားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့လို့ အာမေးနီးယားဝန်ကြီးချုပ် ရာထူးက ဆင်းပေးဖို့ ထောင်ချီတဲ့ အာမေးနီးယား ဆန္ဒပြသူတွေက နိုဝင်ဘာ ၁၁ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။ အင်္ဂါနေ့မှာ ကြေညာတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ဒေသတွင်း ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး တိုက်ပွဲတွေကို အဆုံးသတ် ပေးခဲ့တာပါ။ အဇာဘိုင်ဂျန်ကတော့ အောင်ပွဲ ခံခဲ့ပါတယ်။ ရွေးချယ်စရာ မရှိလို့ အရှုံးကို တွန်းလှန် ပယ်ရှားဖို့ လက်မှတ်ထိုးခဲ့ရတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ လူထောင်ပေါင်းများစွာက မြို့တော်မှာ ဆန္ဒပြဖို့ လမ်းပေါ် ချီတက်ရင်း စစ်ဥပဒေ ချမှတ်ထား တာကို အာခံခဲ့ကြသလို ဆန္ဒပြသူတချို့ကတော့  အစိုးရအဆောက်အအုံ တချို့ကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့ပါတယ်။
4 months Ago

May 30, 2020

ကိုလံဘီယာရောက် နိုင်ငံသားများကို ဗင်နီဇွဲလားသံရုံး စားသောက်ကုန် ဝေငှ

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ကိုယ်စားပြုတဲ့ ကိုလံဘီယာက သံရုံးဟာ ဗင်နီဇွဲလားနိုင်ငံသားတွေကို အခြေခံစားသောက်ကုန် အိတ်ငါးရာ ဝေငှပေးခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံသားတွေ အများအပြားဟာ ကိုလံဘီယာနိုင်ငံထဲမှာ နေထိုင်နေကြပြီး လော့ဒေါင်းကြောင့် အလုပ်အကိုင်မရှိသလို ဝင်ငွေလည်း မရှိ ဖြစ်နေတာပါ။  ဒီအစားအစာဝေငှတဲ့ အစီအစဉ်က သံရုံးနဲ့ ကိုလံဘီယာဖေါင်ဒေးရှင်း “ဟွန်ဒိုဆက်-ပွဲဒယ် “တို့ ကြား ပူးပေါင်းပြုလုပ်တာဖြစ်ပြီး နွမ်းပါးတဲ့ ကိုလံဘီယာနဲ့ ဗင်နီဇွဲလားပြည်သူတွေကို ကူညီဖို့ ဖြစ်ပါတယ်။  ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းဖြစ်နေတာကြောင့် နိုင်ငံသားရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး ကိုလံဘီယာမှာ ရောက်ရှိနေတာပါ။ အခြေခံအစားအစာ ထောက်ပံ့မှုတွေကို ဦးစားပေးအနေနဲ့ ကလေးများတဲ့ အိမ်ထောင်စုတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေများတဲ့ မိသားစုတွေကို ပေးနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ကိုလံဘီယာဟာ မတ်လ ၁၇ ရက်တည်းက တနိုင်ငံလုံး လော့ဒေါင်းချခဲ့တာဖြစ်ပါတယ်။
9 months Ago
Up