နိုင်ငံရေး အကျဉ်းသားဟောင်း

February 9, 2021

ရှမ်းပြည်နယ် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမြင့်ဌေး အဖမ်းခံရ

ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော်ဟာ  ဒီနေ့ အစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က သိရပါတယ်။

“သူက အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လူငယ်တွေကို ဘာမှမဖြစ်အောင်၊ မထိခိုက်အောင်၊ ကြိုးစားပြီး လုပ်ပေးနေတာ၊ အဲဒါကို အမှီပြုပြီး ဖမ်းတယ်လို့ ထင်ပါတယ်” လို့ ရှမ်းပြည်နယ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။

ကိုမြင့်ဌေး ရဲ့ သမီးဖြစ်သူက သူ့အဖေကို ရဲတပ်ဖွဲ့က ဒီနေ့ မနက်အစောပိုင်း ၂ နာရီမှာ လာဖမ်းသွားတယ်လို့ သူ့ရဲလူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ကိုမြင့်ဌေး(ခ) ကိုဘယ်ကျော် ဟာ ၈၈ အရေးတော်ပုံကာလတုန်းက ထောင်ဒဏ် ၈ နှစ် အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။

2 years Ago
Up