နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး

August 3, 2019

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဟောင်ကောင်ဆန္ဒပြပွဲတွင် အစိုးရဝန်ထမ်း ထောင်ချီပါဝင်

ဟောင်ကောင်အစိုးရက အစိုးရဝန်ထမ်းတွေကို နိုင်ငံရေးမှာ ကြားနေဖို့ မေတ္တာရပ်ခံထားပေမယ့်  သြဂုတ်လ ၂ ရက်က နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ  ပါဝင်ခဲ့ပါတယ်။  အစိုးရဝန်ထမ်းတွေ ပါဝင်တဲ့ ပထမဆုံးအကြိမ်  ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေဟာ ဆန္ဒပြသူတွေနဲ့အတူ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပါတယ်။  ဆန္ဒပြပွဲမှာ ပါဝင်သူ အစိုးရ ဝန်ထမ်းတဦးက “သူဟာ အစိုးရဝန်ထမ်း ဖြစ်သလို တချိန်တည်းမှာ သာမန် ဟောင်ကောင်ပြည်သူ တယောက် ဖြစ်တယ်” လို့ ဆိုပါတယ်။ “ဟောင်ကောင်သားတွေ တောင်းဆိုတဲ့  အချက် ၅ ချက်နဲ့ ပတ်သက်ပြီး အစိုးရကို ဖြေကြားစေလိုတယ်” လို့ သူကပြောခဲ့ပါတယ်။    ဆန္ဒပြသူတွေက တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အချက် ၅ ချက် တောင်းဆိုထားပါတယ်။  အဲဒါကတော့ ဥပဒေကြမ်း လုံး၀ ရုပ်သိမ်းပေးရေး၊ ဆန္ဒပြပွဲတွေကို အဓိကရုဏ်းလို့ သုံးနှုန်းတဲ့အပေါ် ရပ်တန့်ရေး၊ အဖမ်းခံရသူတွေအပေါ်  စွဲချက်တင်ထားတာ လျှော့ပေါ့ပေးရေး၊ အဲဒီအတွက် သီးခြားစုံစမ်းရေး ပြုလုပ်ပေးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြန်စတင်ရေးတို့ပဲ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲေရး ေဟာင္ေကာင္ဆႏၵျပပြဲတြင္ အစိုးရဝန္ထမ္း ေထာင္ခ်ီပါဝင္ DVB ေဟာင္ေကာင္အစိုးရက အစိုးရဝန္ထမ္းေတြကို ႏိုင္ငံေရးမွာ ၾကားေနဖို႔ ေမတၱာရပ္ခံထားေပမယ့္  ၾသဂုတ္လ ၂ ရက္က ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲဖို႔ေတာင္းဆိုတဲ့ ဆႏၵျပပြဲမွာ ေထာင္နဲ႔ခ်ီတဲ့ အစိုးရဝန္ထမ္းေတြ  ပါဝင္ခဲ့ပါတယ္။ အစိုးရဝန္ထမ္းေတြ ပါဝင္တဲ့ ပထမဆုံးအႀကိမ္  ဆႏၵျပပြဲ ျဖစ္ပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ အစိုးရဝန္ထမ္းေတြဟာ ဆႏၵျပသူေတြနဲ႔အတူ ၿငိမ္းခ်မ္းစြာ စုေဝးခဲ့ၾကပါတယ္။ ဆႏၵျပပြဲမွာ ပါဝင္သူ အစိုးရ ဝန္ထမ္းတဦးက “သူဟာ အစိုးရဝန္ထမ္း ျဖစ္သလို တခ်ိန္တည္းမွာ သာမန္ ေဟာင္ေကာင္ျပည္သူ တေယာက္ ျဖစ္တယ္” လို႔ ဆိုပါတယ္။ “ေဟာင္ေကာင္သားေတြ ေတာင္းဆိုတဲ့  အခ်က္ ၅ ခ်က္နဲ႔ ပတ္သက္ၿပီး အစိုးရကို ေျဖၾကားေစလိုတယ္” လို႔ သူကေျပာခဲ့ပါတယ္။ ဆႏၵျပသူေတြက တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး အခ်က္ ၅ ခ်က္ ေတာင္းဆိုထားပါတယ္။ အဲဒါကေတာ့ ဥပေဒၾကမ္း လုံး၀ ႐ုပ္သိမ္းေပးေရး၊ ဆႏၵျပပြဲေတြကို အဓိက႐ုဏ္းလို႔ သုံးႏႈန္းတဲ့အေပၚ ရပ္တန႔္ေရး၊ အဖမ္းခံရသူေတြအေပၚ  စြဲခ်က္တင္ထားတာ ေလွ်ာ့ေပါ့ေပးေရး၊ အဲဒီအတြက္ သီးျခားစုံစမ္းေရး ျပဳလုပ္ေပးေရးနဲ႔ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြ ျပန္စတင္ေရးတို႔ပဲ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းမွာေဖာ္ျပထားပါတယ္။
2 years Ago
Up