နိုင်ငံရေးအကျပ်အတည်း

September 4, 2021

ဗင်နီဇွဲလား၏ ကာလရှည်နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေး ဆွေးနွေးပွဲ ထပ်မံကျင်းပမည်

ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေးစိတ်ဝမ်းကွဲမှုအပေါ် နှစ်ဘက်ညှိနှိုင်းသူတွေဟာ ဒုတိယ အကြိမ်ဆွေးနွေးပွဲစတင်ဖို့ စက်တင်ဘာ ၃ ရက်မှာ မက္ကဆီကိုကို ပြန်လာကြမှာဖြစ်ပြီး လူတွေ သန်းချီ ထွက်ပြေးခဲ့ရတဲ့ ဗင်နီဇွဲလားရဲ့ ကာလရှည် အကျပ်အတည်းကို ဖြေလျှော့ဖို့ရည်ရွယ်ပါတယ်။

ဆိုရှယ်လစ်သမ္မတ နီကိုးလပ်စ်မာဒူရိုနဲ့ သူ့အစိုးရဆန့်ကျင်သူ အတိုက်အခံတွေဟာ သောကြာနေ့မွန်းလွဲပိုင်းမှာ တွေ့ဆုံကြမှာဖြစ်ပြီး သူတို့ဟာ ပြီးခဲ့တဲ့လက မက္ကဆီကိုမြို့တော်မှာ ပထမအကြိမ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။

ဆွေးနွေးပွဲတွေမှ သဘောတူညီချက်တွေကို ခုထိ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေမယ့် ဆွေးနွေးပွဲတွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် ၂ ခုဆီကနေ ကြားသိရတာတွေကတော့ အတိုက်အခံခေါင်းဆောင် ဖရက်ဒီဂွေဗာရာကို လွှတ်ပေးခြင်းနဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ဒေသ ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေ ပါဝင်မှုကို ကြေညာဖို့ ဖြစ်ပါတယ်။ 

အတိုက်အခံတွေက မာဒူရိုဟာ မနှစ်က ပြန်လည်ရွေးကောက်ပွဲမှာရော လွှတ်တော်ရွေးကောက်ပွဲပါ အနိုင်ရခဲ့တာကြောင့် ၂၀၁၈ ခုနှစ်သမ္မတရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြတာဖြစ်ပြီး ဒီဖြစ်ရပ်ကိုလည်း နှစ်ဖက်လုံးက အကြံအဖန်လုပ်တာ လို့ ကိုယ်စီရှုမြင်ထားကြတာဖြစ်ပါတယ်။ 

မာဒူရိုရဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲဖြစ်တဲ့ ဗင်နီဇွဲလားကွန်ဂရက်ဥက္ကဋ္ဌ ယော်ဂဲ ရိုဒရီဂွတ်ဇ်က အင်္ဂါနေ့မှာ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ကြောင်း ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက မအောင်မြင်တဲ့ ဆွေးနွေးပွဲတွေနဲ့ မတူတာကတော့ အခု မက္ကဆီကိုမှ လက်ခံကျင်းပတဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ နယ်သာလန်၊ ရုရှား၊ ဘိုလီးဗီးယားနဲ့ တူရကီတို့အပြင် နော်ဝေးနိုင်ငံတို့က တရားဝင် ကျောထောက်နောက်ခံ ပေးထားတာဖြစ်ပါတယ်။ 

မာဒူရိုအစိုးရဟာ ပြည်နယ်ရေနံကုမ္ပဏီ PDVSA ကို လျှောက်ထားသူတွေ အပါအဝင် အမေရိကန်နဲ့ ဥရောပတို့က ဗင်နီဇွဲလားအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ သမိုင်းဝင်စီးပွားရေးကျဆင်းမှုကို ပိုမိုပြင်းထန် လာစေတယ်လို့ အပြစ်တင်ထားပါတယ်။ 

မာဒူရိုဟာ ၂၀၁၈ ရွေးကောက်ပွဲအပြီး အတိုက်အခံခေါင်းဆောင် ဟွမ်ဂွေဒို ကို ယာယီသမ္မတ အဖြစ် လန်ဒန်က အသိအမှတ်ပြုလိုက်ပြီးနောက်မှာ ဗြိတိန်မှာ ထိန်းသိမ်းထားတဲ့ ဗင်နီဇွဲလား ရွှေတန်ချိန် ၃၁ တန်ကို ပြန်ရယူချင်နေတာလည်း ဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဗင်နီဇွဲလား အတိုက်အခံတွေဟာ တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေနေတဲ့ လူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ နောက်ထပ်ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ၊ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာကို လွှတ်ပေးရေးနဲ့ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် အာမခံချက်တွေရဖို့ ကြိုးစားနေကြပါတယ်။ 

1 year Ago

January 21, 2021

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရေး နည်းလမ်းရှာဖြေရှင်းပေးရန် တပ်မတော် တောင်းဆို 

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေရန် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နည်းလမ်းရှာ ဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၀ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပါတီနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အပြင် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့အတွက် ရွေးကောက်ပွဲအား အနှောင့်အယှက်ကင်းပြီး ငြိမ်းချမ်းစွာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အပြည့်အဝ တာဝန်ယူ ကူညီဆောင်ရွက်ခဲ့တယ်လို့လည်းဆိုပါတယ်။ တပ်မတော်အပါအဝင် တခြားနိုင်ငံရေးပါတီတွေအနေနဲ့လည်း လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ် အမှန်ကို ထင်ဟပ်မှာဖြစ်လို့ ပြည်သူ့ဆန္ဒနဲ့အညီ လက်ခံသွားမယ်လို့လည်း တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းနေတယ်လို့ တပ်မတော်က စိစစ် ထုတ်ပြန်ထားရာမှာ  မြို့နယ်ပေါင်း ၃၁၄ မြို့နယ်မှာ ထပ်နေတဲ့ မဲစာရင်း ၂၉၄၅၆၁၂နဲ့ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်း ၄၆၇၈၁၀၄ စုစုပေါင်း ၇၆၂၃၇၂၅ တွေ့ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဆိုပါ ထပ်နေတယ်ဆိုတဲ့  မဲစာရင်းတွေမှာ  အမှန်တကယ် မဲမသမာမှုဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုတော့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြခြင်းမရှိပါဘူး။    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ တပ်မတော်က စိစစ်ထုတ်ပြန်နေတဲ့ မဲစာရင်းတွေက နိုဝင်ဘာလ ၈ ရက်နေ့မှာ  မဲပေးခဲ့တဲ့ နောက်ဆုံးမဲစာရင်းမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိပါက သက်ဆိုင်ရာမှာ အမှုဖွင့်တိုင်ကြားတာ ကန့်ကွက်လွှာ တင်သွင်းတာတွေလုပ်နိုင်တယ်လို့လည်းကော်မရှင်က ပြောကြားထားပါတယ်။  နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့က မဲရုံတွေမှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ မီဒီယာတွေက စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။
2 years Ago
Up