နိုင်ငံရေးအကျပ်အတည်

February 7, 2020

ကာတာလန်ခွဲထွက်ရေးခေါင်းဆောင်နှင့် စပိန်ဝန်ကြီးချုပ် တွေ့ဆုံ

ကာတာလန် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့အတွက် ဖေဖော်ဝါရီ ၆ ရက်က စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်းချက်ဟာ ကာတာလန်ခွဲထွက်ရေးခေါင်းဆောင် ကွမ်တော်ရာနဲ့  သွားရောက်တွေ့ဆုံခဲ့ပါတယ်။  ဒီတွေ့ဆုံပွဲဟာ ဆန်းချက် ဝန်ကြီးချုပ် ရာထူးလက်ခံပွဲ ချောမွေ့စေဖို့ (ERC) ပါတီအတွက် မရှိမဖြစ်လိုအပ်ပါတယ်။   တွေ့ဆုံပွဲပြီးနောက်မှာတော့ ဆန်းချက်ဟာ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ်ပြီး ဒေသတွင်း အလုပ်သမားသမဂ္ဂတွေ၊ ကာတာလန် ကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာမှာ စပိန်တရားရုံးချုပ်ဟာ ကာတာလန် ခွဲထွက်ရေးခေါင်းဆောင် ၉ ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၉ နှစ်ကနေ ၁၃ နှစ်ကြား ချမှတ်ခဲ့ပါတယ်။  ၂၀၁၇ တုန်းက မအောင်မြင်တဲ့ တဖက်သတ် လွတ်လပ်ရေးကြေညာချက်မှာ ပါဝင်ခဲ့တဲ့အတွက် စပိန်တရားရုံးက သူတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။  ကာတာလိုးနီးယား ပြဿနာဟာ စပိန်နိုင်ငံရေးမှာ လွှမ်းမိုးတဲ့ အကြောင်းအရာ တခုဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
1 year Ago
Up