လူမြင်ကွင်းကနေ အတန်ကြာပျောက်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အာဏာရအလုပ်သမားပါတီရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန ကေစီအန်အေရဲ့ ဇွန် ၈ ရက်နေ့ ဖော်ပြချက်အရ ကင်ဟာ စီးပွားရေးစီမံကိန်းတွေအကြောင်းနဲ့ ဓာတုဗေဒလုပ်ငန်းတခုအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် မြောက်ကိုရီးယားရဲ့ စီးပွားရေး ထိခိုက်မှုကို အဓိကဆွေးနွေးခဲ့တာပါ။
တိုင်းပြည်ရဲ့စီးပွားရေး ကိုယ့်ဘာသာရပ်တည်နိုင်ရေးနဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းနဲ့ ဘဝတိုးတက်ရေးအတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ ကေစီအန်အေ သတင်းဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
9 months Ago