နိုင်ငံရေးပါတီသစ်

September 1, 2020

ဘယ်လာရုစ် အတိုက်အခံပါတီခေါင်းဆောင်များ ပူးပေါင်းပြီး နိုင်ငံရေးပါတီသစ် ဖွဲ့စည်း

ဘယ်လာရုစ် အတိုက်အခံခေါင်းဆောင် မာရီယာကတ်လဲစနီကိုဗာနဲ့ ထောင်ကျနေတဲ့ အတိုက်အခံ ဗစ်တာဘာဘာရီကိုရဲ့အဖွဲ့တို့ ပူးပေါင်းပြီး Together (အတူတကွ) ဆိုတဲ့  နိုင်ငံရေးပါတီသစ်ကို ဖွဲ့စည်းလိုက်ပြီလို့ သြဂုတ် ၃၁ ရက်က ကြေညာပါတယ်။  အတိုက်အခံခေါင်းဆောင် ကတ်လဲစနီကိုဗာက ဘယ်လာရုစ်ဟာ နိုင်ငံရေးနဲ့ လူမှု စီးပွားရေးအကျပ်အတည်းဆိုက်နေပြီး သူတို့အနေနဲ့ ဒီအကျပ်အတည်းကနေ အတူတကွ ဘယ်လို ရုန်းထွက်ရမလဲဆိုတာကို သိရှိတယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် မကြာခင်မှာပဲ ပါတီမှတ်ပုံတင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ  တင်သွင်းသွားမယ်လို့လည်း ကတ်လဲစနီကိုဗာက ပြောပါတယ်။ ပြီးခဲ့တဲ့လတုန်းက ထိန်းသိမ်းခံရပြီး သြဂုတ် ၉ ရက် ဘယ်လာရုစ် ရွေးကောက်ပွဲကနေ  ဖယ်ရှားခံရတဲ့ ဗစ်တာဘာဘာရီကိုရဲ့ ဖမ်းဆီးမခံရမီ ဗွီဒီယို အသံတွင်းတိပ်ခွေမှာ သူတို့ပါတီရဲ့ ရည်မှန်းချက်ကတော့ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။  ပြီးခဲ့တဲ့ သြဂုတ် ၉ ရက် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ လူကာရှန်ကို အနိုင်ရတဲ့လို့ ကြေညာခဲ့ပြီးနောက်မှာပဲ အတိုက်အခံတွေက မဲလိမ်တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲ ရလဒ် ကြေညာအပြီးမှာပဲ အတိုက်အခံခေါင်းဆောင် ကတ်လဲစနီကိုဗာဟာ  သားသမီးတွေရှိတဲ့ အိမ်နီးချင်း လစ်သူရေးနီးယားနိုင်ငံကို ထွက်ပြေးခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
1 year Ago
Up