နိုင်ငံရေးပါတီ

October 12, 2021

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီအချို့တွေ့ဆုံပွဲပျက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဧရာဝဏ်ယူစွပ်ဖ်နဲ့ နိုင်ငံရေးပါတီတချို့ အောက်တိုဘာ ၁၂ ရက်  ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံပွဲ အစီအစဉ်ပျက်သွားတယ်လို့ သတင်းရရှိပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒီနေ့မှာ မတွေ့ဖြစ်တော့ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

ဒီနေ့ မတွေ့ဖြစ်ပေမဲ့ ဘယ်နေ့မှာ တွေ့မလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေနဲ့  တွေ့ဆုံဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  စီစဉ်ထားတာဖြစ်ပါတယ်။

ဒီအစီအစဉ်ဘာကြောင့်ပျက်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။  အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်တဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီမီဒီယာတွေမှာ ဖော်ပြခြင်းမရှိသေးသလို အထူးကိုယ်စားလှယ် မြန်မာပြည်ကို ရောက်မလာသေးဘူးလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

အာဆီယံ အထူးကိုယ်စားလှယ်ဟာ နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဘက်ပေါင်းစုံကလူတွေနဲ့  တွေ့ဆုံရဖို့ ခရီးစဉ်မတိုင်ခင် ကမ်းလှမ်းခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီကတော့ တရားရင်ဆိုင်နေရသူတွေနဲ့ တွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။

3 months Ago

August 18, 2021

ဝန်ကြီးချုပ်သစ် ခန့်အပ်နိုင်ရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် မလေးရှားဘုရင် တွေ့ဆုံ

မလေးရှားဘုရင် အယ်လ်ဆူလ်တန်အဗ်ဒူလာက နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေကို ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး အများစုကို အမိန့်ပေးနိုင်မယ်လို့ သူ ယုံကြည်တဲ့ ဝန်ကြီးချုပ်တယောက် ခန့်အပ်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲတွေ ကျင်းပဖို့တော့  ကိုဗစ်-၁၉  ကပ်ဘေးကြောင့် ဘုရင်က အရင်က ငြင်းပယ်ခဲ့ပါတယ်။

ဘုရင့်အမိန့်နဲ့အညီ မလေးရှားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်အဖြစ် သူတို့ ဘယ်သူ့ကို ရွေးကြောင်း ဖော်ပြထားတဲ့စာကို နန်းတော်ထံ တင်ပြကြဖို့ ဩဂုတ် ၁၇ ရက်က ဆော်ဩထားပါတယ်။

မလေးရှားမှာ လွတ်လပ်ရေးရအပြီး နှစ် ၆၀ ကျော်ကြာတဲ့တိုင်အောင် မလေးရှားနိုင်ငံကို အုပ်ချုပ်နေခဲ့တဲ့ ညီညွတ်သော မလေးအမျိုးသားအစည်းအရုံး (UMNO) က အဂတိလိုက်စားမှု စွဲချက်တွေကြောင့် ၂၀၁၈ ခုနှစ်မှာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့အပြီး မလေးရှား နိုင်ငံရေးဟာ အပြောင်းအလဲတွေ အဆက်မပြတ် ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

5 months Ago
More News
Up