နိုင်ငံရေးစစ်ပွဲ

November 12, 2020

ကိုဗစ်ကာကွယ်ဆေး ပြိုင်ထုတ်မှုကြောင့် နိုင်ငံရေးစစ်ပွဲ ဖြစ်လာနိုင်ဟု ဘရာဇီးပြော

တရုတ်ကုမ္ပဏီ စီနိုဗက်က ထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမှာ ပြင်းထန်တဲ့ ဘေး ထွက်ဆိုးကျိုးရှိတာကြောင့် လက်တွေ့စမ်းသပ်စစ်ဆေးမှုကို ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဘရာဇီး ကျန်းမာရေးကဏ္ဍစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အန်ဗီဇာက နိုဝင်ဘာ ၁၀ ရက်မှာ ခုခံ ကာကွယ်လိုက်ပါတယ်။  ကာကွယ်ဆေး ပြိုင်ထုတ်တဲ့ နေရာမှာ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။  အန်ဗီဇာဟာ ကာကွယ်ဆေး စမ်းသပ်မှုကို နိုဝင်ဘာ ၉ ရက်မှာ ဆိုင်းငံ့လိုက်ပြီး ဘေးထွက်ဆိုးကျိုး ဖြစ်ကြောင်းတွေ့တာ အောက်တိုဘာ ၂၉ ရက်မှာ တွေ့ခဲ့တာလို့ ပြောပါတယ်။  စမ်းသပ်ခံ စေတနာ့ဝန်ထမ်းရဲ့ သေဆုံးမှုဟာ သူ့ကိုယ်သူ သတ်သေတာလို့ မှတ်ပုံတင် စာရင်းသွင်် ထားပြီး ဒီအမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ဆေးကို စမ်းသပ် ထိုးနှံနေတဲ့ ဆောင်ပါလို ပြည်နယ်ကအစိုးရက ပြောပါတယ်။  ဒီဖြစ်ရပ်ကို ရဲကလည်း ကြေညာထားပါတယ်။ ကာကွယ်ဆေး စမ်းသပ်မှု ဆိုင်းငံ့ချက်ကြောင့် သမ္မတ ဘော့ဆိုနာရိုနဲ့ ဆောင်ပါလို အုပ်ချုပ်ရေးမှူးတို့ကြား ဆက်ဆံရေး တင်းမာခဲ့ပါတယ်။  ကာကွယ်ဆေးကို စမ်းသပ်စီစဉ်သူတွေက အန်းဗီဇာရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ပြီး စမ်းသပ်မှု ရပ်နားစရာ အကြောင်းပြချက်လည်း မရှိသလို ကြိုတင် အကြောင်းကြားတာလည်း မခံခဲ့ရဘူးလို့ ပြောပါတယ်။  စမ်းသပ်ခံ စေတနာ့ဝန်ထမ်း သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ မပတ်သက်ဘဲ ကာကွယ်ဆေးမှာ ဆိုးရွားတဲ့ တန်ပြန်သက်ရောက်မှု မပြဘူးလို့လည်း ဆောင်ပါလို အခြေစိုက် ဘူတန်တန် ဆေးဘက်သုတေသနဌာန အကြီးအကဲက ပြောပါတယ်။  တရုတ်အပေါ် ကာလကြာရှည် သံသယရှိခဲ့တဲ့ ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကတော့ စီနိုဗက်ကာကွယ်ဆေးဟာ စိတ်ချရမှု ကင်းမဲ့တယ်လို့ ပြောဆို ပယ်ချ ခဲ့ပါတယ်။
2 years Ago
Up