နိုင်ငံရန်ပုံငွေ

August 20, 2019

မလေးရှားတရားရုံးက နိုင်ငံရန်ပုံငွေ အလွဲသုံးစားလုပ်မှုများထဲက အကြီးဆုံးအမှု စစ်ဆေးမည့်ရက် ရွှေ့ဆိုင်း

မလေးရှားတရားရုံးက နိုင်ငံရန်ပုံငွေ 1MDB ကို အလွဲသုံးစားလုပ်မှုနဲ့ ပတ်သက်နေတဲ့ အမှုငါးခုထဲက အကြီးဆုံးတခုကို သီတင်းတပတ်ကြာမှ စစ်ဆေးဖို့ သြဂုတ် ၁၉ ရက်မှာ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီအမှုထဲမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်လည်း ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားပါတယ်။ 1MDB ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ SRC International နဲ့ ပတ်သက်တဲ့အမှုကို စစ်ဆေးမှု အဆုံးသတ်ဖို့ ကြားနာပွဲတွေကို သြဂုတ် ၂၆ ရက်မှာ စပြီးစစ်ဆေးမယ်လို့ ကွာလာလမ်ပူ တရားရုံးချုပ် တရားသူကြီးက ပြောပါတယ်။ လက်ရှိ ကြားနာပွဲတွေ ပြီးခဲ့ရင် စွဲချက်အမှုတွဲတွေကို စပြီး ဖတ်ကြားမယ်လို့ နာဂျစ်ဘ်ရဲ့ရှေ့နေ မိုဟာမက်ဒ် ရှဖိဒ် အဗ္ဗဒူလာက သတင်းထောက်တွေကို ပြောပါတယ်။ မနှစ်က ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ နာဂျစ်ဘ်ဟာ မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေ 1MDB နဲ့ပတ်သက်တဲ့ လာဘ်စားမှုနဲ့ ငွေကြေးခဝါချမှု အပါအဝင် ရာဇဝတ်မှုစွဲချက် ၄၂ ချက်နဲ့ တရားစွဲခံထားရတာပါ။ သူကတော့ အပြစ်မရှိဘူးလို့ ငြင်းရင်း စွဲချက်တွေက နိုင်ငံရေး အကွက်ရွှေ့တာလို့ ပြောပါတယ်။ ကွာလာလမ်ပူ တရားရုံးမှာ နာဂျစ်ဘ်ဟာ ငွေကြေးခဝါချမှု ၂၁ မှုနဲ့ ၂၀၁၁ ကနေ ၂၀၁၄ ကြားကာလမှာ အမေရိကန်ဒေါ်လာ ၅၅၀ ဒသမ ၈ သန်းကို တရားမဝင် လွှဲပြောင်းပေးတာ လက်ခံဖို့ အာဏာ အလွဲသုံးစားမှု လေးမှုတို့ကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။
Zawgyi Version မေလးရွားတရား႐ုံးက ႏိုင္ငံရန္ပုံေငြ အလြဲသုံးစားလုပ္မႈမ်ားထဲက အႀကီးဆုံးအမႈ စစ္ေဆးမည့္ရက္ ေ႐ႊ႕ဆိုင္း DVB မေလးရွားတရား႐ုံးက ႏိုင္ငံရန္ပုံေငြ 1MDB ကို အလြဲသုံးစားလုပ္မႈနဲ႔ ပတ္သက္ေနတဲ့ အမႈငါးခုထဲက အႀကီးဆုံးတခုကို သီတင္းတပတ္ၾကာမွ စစ္ေဆးဖို႔ ၾသဂုတ္ ၁၉ ရက္မွာ ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။ ဒီအမႈထဲမွာ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ဘ္ ရာဇက္လည္း ပါဝင္ပတ္သက္တယ္လို႔ စြပ္စြဲထားပါတယ္။ 1MDB ရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ SRC International နဲ႔ ပတ္သက္တဲ့အမႈကို စစ္ေဆးမႈ အဆုံးသတ္ဖို႔ ၾကားနာပြဲေတြကို ၾသဂုတ္ ၂၆ ရက္မွာ စၿပီးစစ္ေဆးမယ္လို႔ ကြာလာလမ္ပူ တရား႐ုံးခ်ဳပ္ တရားသူႀကီးက ေျပာပါတယ္။ လက္ရွိ ၾကားနာပြဲေတြ ၿပီးခဲ့ရင္ စြဲခ်က္အမႈတြဲေတြကို စၿပီး ဖတ္ၾကားမယ္လို႔ နာဂ်စ္ဘ္ရဲ႕ေရွ႕ေန မိုဟာမက္ဒ္ ရွဖိဒ္ အဗၺဒူလာက သတင္းေထာက္ေတြကို ေျပာပါတယ္။ မႏွစ္က ေ႐ြးေကာက္ပြဲ ရႈံးနိမ့္ခဲ့တဲ့ နာဂ်စ္ဘ္ဟာ မေလးရွား ဖြံ႕ၿဖိဳးေရးရန္ပုံေငြ 1MDB နဲ႔ပတ္သက္တဲ့ လာဘ္စားမႈနဲ႔ ေငြေၾကးခဝါခ်မႈ အပါအဝင္ ရာဇဝတ္မႈစြဲခ်က္ ၄၂ ခ်က္နဲ႔ တရားစြဲခံထားရတာပါ။ သူကေတာ့ အျပစ္မရွိဘူးလို႔ ျငင္းရင္း စြဲခ်က္ေတြက ႏိုင္ငံေရး အကြက္ေ႐ႊ႕တာလို႔ ေျပာပါတယ္။ ကြာလာလမ္ပူ တရား႐ုံးမွာ နာဂ်စ္ဘ္ဟာ ေငြေၾကးခဝါခ်မႈ ၂၁ မႈနဲ႔ ၂၀၁၁ ကေန ၂၀၁၄ ၾကားကာလမွာ အေမရိကန္ေဒၚလာ ၅၅၀ ဒသမ ၈ သန္းကို တရားမဝင္ လႊဲေျပာင္းေပးတာ လက္ခံဖို႔ အာဏာ အလြဲသုံးစားမႈ ေလးမႈတို႔ကို ရင္ဆိုင္ေျဖရွင္းရမွာ ျဖစ္ပါတယ္။
2 years Ago
Up