နိုင်ငံပွဲ ၃ လကစားခွင့်ပိတ်ပင်

August 3, 2019

မက်ဆီကို ဒဏ်ကြေးပေါင် ၄ သောင်းကျော်နှင့် နိုင်ငံပွဲ ၃ လကစားခွင့်ပိတ်ပင်

ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဟာ ဘရာဇီးအသင်းအတွက် ကျင်းပတဲ့ပွဲဖြစ်ပြီး အကျင့်ပျက်ချစားမှုတွေရှိနေတယ်လို့ ပြောကြားခဲ့တဲ့ မက်ဆီကို ဒဏ်ကြေးပေါင် လေးသောင်းတထောင်နဲ့ နိုင်ငံအသင်းအတွက် ၃ လကစားခွင့်ပိတ်ပင်လိုက်ပါတယ်။ ချီလီအသင်းနဲ့ တတိယနေရာလုပွဲမှာ အနီကတ်ပြသခံခဲ့ရလို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်မှာ အကျင့်ပျက်ချစားနေသူတွေ ရှိနေတယ်ဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာဖြစ်ပါတယ်။  ဒါ့အပြင် အကျင့်ပျက်ချစားမှုတွေရဲ့ တစိတ်တဒေသအဖြစ်တောင် ပါဝင်ပတ်သက်လိုခြင်းမရှိကြောင်း ပြိုင်ပွဲကာလစ်လျှောက်လုံး ပွဲကျင်းပသူတွေဟာ သူတို့အပေါ်မှာ လေးစား မှုလုံးဝမရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။  မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်း အခုနှစ်ကစားဖို့ကျန်ရှိနေတဲ့ ပွဲစဉ်တစ်ပွဲ ပွဲပယ်ခံရတဲ့ အခြေအနေဖြစ်ပါတယ်။  ချီလီအသင်းနဲ့ တတိယနေဂါလုပွဲမှာ ရရှိခဲ့တဲ့ အနီကတ်ဟာ ကစားသမားဘဝတစ်လျှောက်လုံးမှာ ဒုတိယအကြိမ်ရရှိတဲ့ အနီကတ်လည်းဖြစ်ပါတယ်။
မက္ဆီကို ဒဏ္ေၾကးေပါင္ ၄ ေသာင္းေက်ာ္ႏွင့္ ႏိုင္ငံပြဲ ၃ လကစားခြင့္ပိတ္ပင္ DVB ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲဟာ ဘရာဇီးအသင္းအတြက္ က်င္းပတဲ့ပြဲျဖစ္ၿပီး အက်င့္ပ်က္ခ်စားမႈေတြရွိေနတယ္လို႔ ေျပာၾကားခဲ့တဲ့ မက္ဆီကို ဒဏ္ေၾကးေပါင္ ေလးေသာင္းတေထာင္နဲ႔ ႏိုင္ငံအသင္းအတြက္ ၃ လကစားခြင့္ပိတ္ပင္လိုက္ပါတယ္။ ခ်ီလီအသင္းနဲ႔ တတိယေနရာလုပြဲမွာ အနီကတ္ျပသခံခဲ့ရလို႔ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္မွာ အက်င့္ပ်က္ခ်စားေနသူေတြ ရွိေနတယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အက်င့္ပ်က္ခ်စားမႈေတြရဲ႕ တစိတ္တေဒသအျဖစ္ေတာင္ ပါဝင္ပတ္သက္လိုျခင္းမရွိေၾကာင္း ၿပိဳင္ပြဲကာလစ္ေလွ်ာက္လုံး ပြဲက်င္းပသူေတြဟာ သူတို႔အေပၚမွာ ေလးစား မႈလုံးဝမရွိဘူးလို႔လည္း ဆိုခဲ့ပါတယ္။ မက္ဆီအေနနဲ႔ အာဂ်င္တီးနားအသင္း အခုႏွစ္ကစားဖို႔က်န္ရွိေနတဲ့ ပြဲစဥ္တစ္ပြဲ ပြဲပယ္ခံရတဲ့ အေျခအေနျဖစ္ပါတယ္။ ခ်ီလီအသင္းနဲ႔ တတိယေနဂါလုပြဲမွာ ရရွိခဲ့တဲ့ အနီကတ္ဟာ ကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ ဒုတိယအႀကိမ္ရရွိတဲ့ အနီကတ္လည္းျဖစ္ပါတယ္။
2 years Ago
Up