နိုင်ငံပိုင်စက်ရုံလုပ်သား

August 20, 2020

ဘဲလာရုစ်သမ္မတကို ဆန့်ကျင်ဆန္ဒပြပွဲအတွင်း နိုင်ငံပိုင်စက်ရုံလုပ်သားများ ပါဝင်လာ

ဘဲလာရုစ်သမ္မတ လူကာရှန်ကို ဆန့်ကျင်တဲ့ ၁၁ ရက်မြောက်  သြဂုတ် ၁၉ ရက်ဆန္ဒပြပွဲမှာ  နိုင်ငံပိုင်ဓာတုစက်ရုံလုပ်သားတွေ ပါဝင်ခဲ့ပါတယ်။  သြဂုတ် ၁၉ ရက်မှာ သမ္မတ လူကာရှန်ကိုက စက်ရုံအနီး ဆန္ဒပြကြသူတွေကို သူ  ဖြေရှင်းခဲ့တယ်လို့ ပြောဆိုပြီး သူ့ကို မမြင်ချင်ယောင် မဆောင်ကြနဲ့လို့ စက်ရုံလုပ်သားတွေကို  ပြောဆိုခဲ့ပါတယ်။    အဲဒီနေ့မှာပဲ ဥရောပသမဂ္ဂ(အီးယူ)က  ဘဲလာရုစ်ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်မပြုဘဲ    မဲလိမ်မှုမှာ ပါဝင်ပတ်သက်သူတွေနဲ့ ဆန္ဒပြပွဲဖိနှိပ်သူတွေကို မကြာခင် အရေးယူဒဏ်ခတ်သွား မယ်လို့ ပြောဆိုပါတယ်။  အီးယူအဖွဲ့အကြီးအကဲ အာဆူလာဗွီဒီလီယွန်ကလည်း ဥရောပကော်မရှင်အနေနဲ့ ဘဲလာရုစ်နိုင်ငံအတွက် လျာထားတဲ့   ယူရိုငွေ ၅၃  သန်းအား အစိုးရကို ပေးအပ်မှာ မဟုတ်ဘဲ  အရပ်ဘက်အဖွဲ့အစည်း၊ ဆန္ဒပြပွဲဖြိုခွင်းရာမှာ ထိခိုက်ခဲ့သူတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။  ဘဲလာရုစ်သမ္မတ လူကာရှန်ကိုကလည်း အနောက်အင်အားကြီးနိုင်ငံတွေဟာ  ကိုယ့်ပြဿနာတွေကိုပဲ အာရုံစိုက်သင့်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
1 year Ago

August 15, 2020

ဘယ်လာရုစ်သမ္မတဆန့်ကျင်ပွဲ နိုင်ငံပိုင်စက်ရုံလုပ်သားများ ပါဝင်လာ

ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲ ၆ ရက်မြောက်နေ့  သြဂုတ်လ ၁၄ ရက်မှာ နိုင်ငံပိုင်စက်ရုံတွေက  အလုပ်သမားတွေလည်း ပူးပေါင်း ပါဝင်လာကြပါတယ်။   ဂရိုနက်ဇော ၊  ဇက်ဘင်ကာသကြားစက်ရုံ အလုပ်သမားတွေနဲ့  မင့်စ်ဂီယာစက်ရုံ အလုပ်သမားတွေက  တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး တောင်းဆိုခဲ့ပါတယ်။ ဆိုဗီယက်ခေတ်က စုပေါင်းလယ်ယာမန်နေဂျာဖြစ်ခဲ့တဲ့ သမ္မတ လူကာရှန်ကိုဟာ  သူရဲ့ သမ္မတ သက်တမ်း  ၂၆  နှစ်မှာ    အကြီးမားဆုံး စိန်ခေါ်မှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေရပါတယ်။ မနေ့က ဆန္ဒပြပွဲမှာတော့ လူကာရှန်ကိုရဲ့ ဆိုဗီယက်စတိုင်  စီးပွားရေးမိုဒယ် ပြယုဂ်တွေ ဖြစ်တဲ့ တခြားစက်ရုံတွေက အလုပ်သမားတွေလည်း ပူးပေါင်းပါဝင်လာကြပါတယ်။ အဲဒီထဲမှာ ကုန်ကားတွေနဲ့လူစီးကားတွေထုတ်တဲ့  မင့်စ်မော်တော်ကားစက်ရုံ လုပ်သားတွေလည်းပါဝင်ပြီး ဆန္ဒပြသူတွေက လူကာရှန်ကိုဟာ ဆဋ္ဌမမြောက် သမ္မတ သက်တမ်း အနိုင်ရဖို့ ရွေးကောက်ပွဲမှာ မသမာလုပ်တယ်လို့ စွပ်စွဲကြပါတယ်။  လူကာရှန်ကိုကတော့  ဆန္ဒပြသူတွေကို ဒုစရိုက်သမားတွေနဲ့ အလုပ်လက်မဲ့တွေလို့ သဘောထားတဲ့အကြောင်း  ရိုက်တာသတင်းကဖော်ပြပါတယ်။ 
1 year Ago
Up