နိုင်ငံနှင့်ဒေသပေါင်း ၄၀

September 6, 2021

ကိုလံဘီယာတွင် တွေ့ရှိသည့် ကိုရိုနာမျိုးကွဲ ‘မြူ’ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်ကို ကူးစက်

ကိုလံဘီယာနိုင်ငံမှာ ၂၀၂၁ ဇန်နဝါရီမှာ ပထမဆုံး ခွဲခြားဖော်ထုတ်နိုင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ “မြူ” ဟာ  အခုတော့ နိုင်ငံတွေနဲ့  ဒေသပေါင်း ၄၃ ခုဆီကို ကူးစက်ခဲ့ပြီးပြီလို့ ကိုလံဘီယာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂရိဘာသာစကားနဲ့ ‘မြူ’လို့ နာမည်ပေးထားတဲ့ ဗီဇမျိုးကွဲဟာ လူ့ ကိုယ်ခံအားကနေ မတုံပြန်နိုင်တဲ့ ဂုဏ်သတ္တိ ရှိနိုင်ခြေအလားအလာကို ပြနေလို့ စိတ်ဝင်စားစရာ ဗီဇမျိုးကွဲအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အနီးကပ် စောင့်ကြည့်နေတာပါ။

ဒီဗီဇမျိုးကွဲရဲ့ တကမ္ဘာလုံးကို ပျံ့နှံ့မှုက ဝ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိပေမဲ့ ကိုလံဘီယာနဲ့ အိမ်နီးချင်း အီကွေဒေါနိုင်ငံတွေမှာ ကူးစက်နှုန်းက မြင့်နေဆဲလို့ WHO က ပြောပါတယ်။

ကိုလံဘီယာမှာ ကူးစက်ခံ စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်းနဲ့ တတိယလှိုင်းအတွင်း ကူးစက်ခံ သေဆုံးသူ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းက ‘မြူ’ ဗီဇမျိုးကွဲကြောင့်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုလံဘီယာနိုင်ငံမှာ စက်တင်ဘာ ၂ ရက်အထိ  ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၄ ဒသမ ၉သန်းကျော်ပြီး ကူးစက်ခံသေဆုံးသူ ဦးရေ စုစုပေါင်း ၁၂၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

3 months Ago
Up