တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်ကို ဒီကနေ့ မွန်းလွဲပိုင်းက အထူးလေယာဉ်နဲ့ ရောက်ရှိလာပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ လာရောက်တာဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲအပြီး တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်လာတဲ့ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာ နှစ်ရက်ကြာနေထိုင်မှာဖြစ်ပြီး မနက်ဖန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မတိုင်ခင် ဇန်နဝါရီ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မန္တလေးအထိကို ရထားလမ်းဖောက်မယ့်ကိစ္စ ဖြစ်နိုင်ခြေ လေ့လာရေးလုပ်ငန်းစဖို့ တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။
Photo - Myanmar President Office
2 months Ago