နိုင်ငံတော် သစ္စာဖောက်မှု

January 14, 2020

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခံရ 

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါအပေါ်  နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်တွေနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ စတင် တရားစွဲဆိုဖို့ ရှိနေပါတယ်။ တရားစွဲဆိုမှု ဆက်လုပ်ဆောင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေကို စုံစမ်းရေးမှူးတွေက  တွေ့ရှိထားပါတယ်။   အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ၂၀၁၇ တုန်းကလည်း ဖမ်းဆီးခဲ့ပြီး သူ့ပါတီ (CNRP) ကို ၂၀၁၈ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ထားပါတယ်။  အဲဒီလုပ်ရပ်အပေါ် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ပြီး ကမ်ဆိုခါကို လွှတ်ပေးဖို့ အာဏာရှင်ခေါင်းဆောင် ဟွန်ဆန်ကို တောင်းဆိုခဲ့ပါတယ်။ မနှစ်တုန်းက နေအိမ်အကျယ်ချုပ်ကနေ ကမ်ဆိုခါ လွတ်မြောက်လာခဲ့ပေမယ့် သူ့ပါတီကိုတော့ နိုင်ငံရေးလှုပ်ရှားခွင့် ဆက်လက် တားမြစ်ပိတ်ပင်ထားပါတယ်။ ကမ်ဆိုခါက သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေက အဓိပ္ပာယ်မရှိဘူးလို့ ငြင်းဆိုပါတယ်။
2 years Ago
Up