နိုင်ငံတော်ပုန်ကုန်မှု

March 17, 2021

ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းကို နိုင်ငံတော်ပုန်ကုန်မှုဖြင့် တရားစွဲဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မတ်လ ၉ ရက်နေ့က နိုင်ငံတော်အစိုးရရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်ခဲ့တဲ့ ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းဟာ နိုင်ငံတော်ပုန်ကုန်မှုနဲ့ တရားဆွဲဆိုခံထားရတယ်လို့ သိရပါတယ်။

ခေတ္တဒုသမ္မတ မန်းဝင်းခိုင်းသန်းဟာ စင်ပြိုင်အစိုးရသဖွယ်ပြုလုပ်ပြီး မိန့်ခွန်းပြောကြားခဲ့တဲ့အတွက် မြဝတီခရိုင်တရားရုံးမှာ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းဟာ မတ် ၁၃ ရက်နေ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မည်ဖြစ်ကြောင်း၊ ပြည်သူများ မိမိကိုယ်ကိုကိုယ် ကာကွယ်နိုင်သော ဥပဒေများ ပြဋ္ဌာန်းဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် လူတစ်စု၏ အကျိုးစီပွားမကာကွယ်ဘဲ  CDM လုပ်ကြရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကခန့်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကိုလည်း  နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားပါသေးတယ်။ 

2 years Ago
Up