နိုင်ငံတကာအာကာသစခန်

February 7, 2020

အာကာသအတွင်း  စံချိန်တင်နေခဲ့သည့် အမေရိကန်အာကာသယာဉ်မှူးအပါအဝင် ၃ ဦး ပြန်ရောက်

နိုင်ငံတကာအာကာသစခန်းက အာကာသယာဉ်မှူး ၃ ယောက် လိုက်ပါလာတဲ့ ယာဉ်ငယ်ဟာ ဖေဖော်ဝါရီ ၆ ရက်က ကာဇက်စတန်နိုင်ငံမှာ ဆင်းသက်ခဲ့ပါတယ်။  အာကာသအတွင်း  စံချိန်တင် အရှည်ကြာဆုံးနေထိုင်ခဲ့တဲ့ သူတွေကတော့ အမေရိကန် အမျိုးသမီး အာကာသယာဉ်မှူး ခရစ္စတီနာကို့၊ အီတလီအာကာသယာဉ်မှူး လူကာပါမီတာနိုနဲ့ ရုရှားအာကာသယာဉ်မှူး အလက်ဇန်းဒါး စကော့ဇော့တို့ပဲ ဖြစ်ပါတယ်။  ကို့ရဲ့ ၃၂၈ ရက်ကြာ အာကာသမစ်ရှင်က အမျိုးသမီးတယောက်အဖို့ အာကာသတွင်း အရှည်ကြာဆုံးနေထိုင်တဲ့ စံချိန်ကို ချိုးဖျက်လိုက်တာပါ။  ကို့မတိုင်ခင်က နာဆာအာကာသယာဉ်မှူး ပက်ဂီဝှစ်ဆန်က  အာကာသတွင်း အရှည်ကြာဆုံးနေထိုင်တဲ့ စံချိန်တင်ထားပါတယ်။  နိုင်ငံတကာ အာကာသစခန်းကို ရောက်ပြီးနောက် ကို့ရဲ့မစ်ရှင်ဟာ နဂိုစီစဉ်ထားတဲ့ ၆ လကနေ သက်တမ်းတိုးပြီး  တနှစ်နီးပါးအထိ အာကာသအတွင်း နေထိုင်ခဲ့တာပါ။  ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလက ကို့ဟာ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး အာကာသယာဉ်မှူး ဂျက်စီကာမဲရာနဲ့အတူ အာကာသတွင်း လမ်းလျှောက်ခဲ့ပြီး အမျိုးသမီး သမိုင်းမှတ်တိုင်တခုကို စိုက်ထူနိုင်ခဲ့ပါတယ်။  ဒါဟာ တချိန်တည်းမှာ အမျိုးသမီးနှစ်ဦး အာကာသစခန်းပြင်ပကို ထွက်ပြီး ပထမဆုံးအကြိမ်  အတူတူ လမ်းလျှောက်ခဲ့တဲ့ အထိမ်းအမှတ်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
1 year Ago
Up