နိုင်ငံတကာအမျိုးသမီးများနေ့

A d v e r t i s e m e n t With Us

March 9, 2020

နိုင်ငံတကာအမျိုးသမီးများနေ့တွင် မက္ကဆီကိုအမျိုးသမီးများ ဆန္ဒပြ

မက္ကဆီကိုနိုင်ငံမှာ မတ်လ ၈ ရက် နိုင်ငံတကာအမျိုးသမီးများနေ့ ချီတက်ပွဲတွေအတွင်း ပါဝင်ဆန္ဒပြသူတွေဟာ မြို့တော်အနှံ့ အရံအတားတွေ၊ လမ်းအမှတ်အသားတွေကို ဖျက်ဆီးတာ၊ သမိုင်းဝင် ရုပ်တုတွေကို ဂရပ်ဖတီ ပုံဆွဲဆေးမှုတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  ဒေါသထွက်နေတဲ့ အမျိုးသမီးတွေဟာ တာဝန်ရှိသူတွေ ကာကွယ်ပိတ်ဆို့ထားတဲ့ နယ်မြေ အမှတ်အသားတွေ၊ သမိုင်းဝင်ရုပ်တုတွေနဲ့ အထိမ်းအမှတ်တွေကို ချိုးဖျက်ဝင်ရောက်ပြီး နိုင်ငံအတွင်း အမျိုးသမီးများ သတ်ဖြတ်ခံရမှု မြင့်မားနေတာကိုလည်း ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ မက္ကဆီကိုမှာ အသက် ၂၅ နှစ်အရွယ် ကျောင်းသူကို သူ့ရည်းစားဖြစ်သူက သတ်ဖြတ်မှုနဲ့ ၇ နှစ်အရွယ် မိန်းကလေးတဦးကို ကျောင်းက ခေါ်သွားပြီး သတ်ဖြတ်မှုတို့ဟာ နာမည်ကြီး လူသတ်မှုနှစ်ခု ဖြစ်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ နိုင်ငံတွင်း အမျိုးသမီးသတ်ဖြတ်ခံမှု မြင့်မားနေတဲ့ကိစ္စအတွက် အရေးယူ ဆောင်ရွက်ဖို့ လှုံ့ဆော်တာတွေ အရှိန်မြင့်လာခဲ့ပါတယ်။ အစိုးရ တာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ မက္ကဆီကိုမှာ တနေ့ကို အမျိုးသမီး အနည်းဆုံး ၁၀ လောက် သတ်ဖြတ်ခံနေရကြောင်း ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။
12 months Ago
Up