နိုင်ငံတကာသွင်းဂိုး ၃၃ ဂိုး

October 16, 2020

ခရိုအေးရှားနှင့်ပွဲတွင် နိုင်ငံတကာသွင်းဂိုး ၃၃ ဂိုး ပြည့်ခဲ့သည့် ဂရစ်မန်း

မိမိဘယ်နေရာမှာ ကစားနိုင်လဲဆိုတာ ပြင်သစ်နည်းပြ ဒက်ချမ့်ကသာ သိရှိတယ်လို့ တိုက်စစ်ကစားသမား ဂရစ်မန်းက ပြောပါတယ်။  ဘာစီလိုနာကစားသမား ဂရစ်မန်းဟာ ကလပ်အသင်းမှာ တောင်ပံထွက်ကစားနေရပြီး ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာပါ။  ပြင်သစ်လက်ရွေးစင်အသင်းမှာတော့ မာစီယယ်နဲ့အမ်ဘာပေတို့ရဲ့ နောက်ချန်တိုက်စစ်မှူး နေရာကနေ ကစားခဲ့ပြီး ခရိုအေးရှားနဲ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  နည်းပြဒက်ချမ့်က မိမိဘယ်နေရာမှာကစားနိုင်သလဲဆိုတာ သိရှိပြီး နည်းပြနဲ့ အသင်း ဖော်တွေရဲ့ ယုံကြည်မှုကြောင့် အဲဒီလို အားသာချက်ကို အသုံးချနိုင်ခဲ့တာလို့ ဂရစ်မန်းကပြောပါတယ်။  ဂရစ်မန်းဟာ ခရိုအေးရှားနဲ့ပွဲမှာ နိုင်ငံတကာသွင်းဂိုး ၃၃ ဂိုး ပြည့်ခဲ့ပြီး ပြင်သစ်အတွက် ပဉ္စမ မြောက်ဂိုး အများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ 
1 year Ago
Up