နိုင်ငံတကာသူနာပြုများနေ့

May 13, 2020

သီရိလင်္ကာနိုင်ငံမြို့တော်တွင် နိုင်ငံတကာသူနာပြုများနေ့ ဂုဏ်ပြုကျင်းပ

သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ နိုင်ငံတကာ သူနာပြုများနေ့ကို မေလ ၁၂ ရက်မှာ ကျင်းပပြီး အစိုးရအရာရှိတွေနဲ့ သူနာပြုတွေ တက်ရောက်ပါတယ်။  အခမ်းအနားမှာ သီရိလင်္ကာနိုင်ငံအတွင်း အကြီးဆုံးသူနာပြုသမဂ္ဂက သူနာပြုတွေဟာ ဖလောရင့်စ်နိုက်တင်ဂေးရုပ်တုရှေ့မှာ ပန်းတွေချထားဂုဏ်ပြုပါတယ်။ ကျန်းမာရေးဝန်ကြီး ဗိုလ်ချုပ်ကြီး စန်ဂျီးဗာ မူနာဆင်းဟာကလည်း အခမ်းအနားအတွင်းက ဘုရားဆင်းတုတော်ရှေ့မှာ ပန်းတွေနဲ့ ပူဇော်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေး စတည်းကခုထိကူးစက်ခံ ၈၆၉ယောက် ရှိတယ်လို့အတည်ပြုထားပြီး ကူးစက်ခံ ၉ ယောက် သေဆုံးခဲ့ပါတယ်။ မတ်လလယ်ကစတဲ့ အသွားအလာ ထိန်းချုပ် ကန့်သတ်မှုကိုတော့ စတင်ဖြေလျှော့ ပေးနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တိုက်ဖျက်ရေး စွန့်လွှတ်စွန့်စားမှုကြောင့် ကမ္ဘာတဝန်းက ကျန်းမာရေး လုပ်သားတွေဟာ ကောင်းချီးပေးခံနေရပါတယ်။
11 months Ago
Up