နိုင်ငံတကာသတ္တုတွင်းညီလာခံ

October 30, 2019

မဲလ်ဘုန်း နိုင်ငံတကာသတ္တုတွင်းညီလာခံတွင်  ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အဓိကရုဏ်းဖြစ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က နိုင်ငံတကာသတ္တုတွင်းညီလာခံ ကျင်းပနေတဲ့ အဆောက်အအုံ အပြင်ဘက်မှာ  အောက်တိုဘာ ၂၉ရက်နေ့က ရာသီဥတုအရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြားအဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။   နိုင်ငံတကာသတ္တုတွင်းနဲ့ သယံဇာတညီလာခံ (IMARC)  ပထမနေ့ ကျင်းပနေတဲ့ မဲလ်ဘုန်းကွန်ဗန်းရှင်းစင်တာ အပြင်ဘက်မှာ ဆန္ဒပြသူတွေဟာ ပိတ်ဆို့နေကြတာပါ။  ရဲတပ်ဖွဲ့က ငရုတ်ကောင်း ဖျန်းရည်တွေ၊ မြင်းတပ်တွေသုံးပြီး ဆန္ဒပြလူအုပ်ကို လူစုခွဲဖို့ ကြိုးစားရာမှာတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပြီးနောက် ဆန္ဒပြသူအယောက် ၄၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ စင်တာအပြင်ဘက်မှာ လက်တွဲပြီး လူသားကွင်းဆက်ပုံစံ ပုံဖော်ရင်း စည်းလုံးမှု အင်အားကို ပြခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း ရဲဝန်ထမ်းတွေနဲ့ ဆန္ဒပြသူအများအပြား ဒဏ်ရာရခဲ့ကြတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
2 years Ago
Up