နိုင်ငံတကာလေဆိပ်

March 28, 2020

တောင်ကိုရီးယား နိုင်ငံတကာလေဆိပ်တွင် ကျန်းမာရေးစစ်ဆေးမှု တင်းကျပ်စွာလုပ်နေ

တောင်ကိုရီးယားရဲ့ အင်ချွန်း နိုင်ငံတကာလေဆိပ်မှာ မတ်လ ၂၇ ရက်ကစပြိး   အမေရိကန်က လာရောက်သူတွေကို ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စခန်းငယ်တွေနဲ့  ကျန်းမာရေးစစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။  ရွက်ဖျင်တဲ ဆန်ဆန် ကိုရိုနာစမ်းသပ်  စခန်းငယ်တွေက ၁ နာရီအတွင်း စမ်းသပ်မှု ၁၀- ခုကျော်ကို လုပ်ဆောင်နိုင်ပါတယ်။  ပုံမှန် ဆေးရုံတွေမှာ စမ်းသပ်မှု  ၃ ခုလောက်အထိပဲ လုပ်နိုင်ချိန်မှာ အဲဒီလေဆိပ်စမ်းသပ် စခန်းငယ်တွေမှာ  စမ်းသပ်မှု ၆ ခုကနေ ၈ ခုအထိ လုပ်နိုင်တယ်လို့ တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။   အင်ချွန်းလေဆိပ်အတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာပြ မပြ စစ်ဆေးတာဖြစ်ပြီး ရောဂါ လက္ခဏာမပြတဲ့ အမေရိကန်နိုင်ငံက ခေတ္တလာလည်သူ အားလုံးနဲ့ ဥရောပက ခရီးသွားအားလုံးကို အဲဒီ စမ်းသပ်စခန်းငယ်တွေမှာ စစ်ဆေးပါတယ်။ နိုင်ငံခြားသားတွေကို တခြားနေရာတွေမှာ စစ်ဆေးဖို့ အခက်အခဲရှိတာမို့ တောင်ကိုရီးယား အစိုးရအနေနဲ့ စမ်းသပ်စခန်းငယ်တွေ ထားရှိတာဖြစ်ပါတယ်။   မတ်လ ၂၈ ရက်က တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၁၄၈ ဦး  ရှိတယ်လို့ သတင်းထုတ်ပြန်ပြိး တနိုင်ငံလုံး အတိုင်းအတာနဲ့ ၉၄၇၈ ဦး အထိ မြင့်တက်လာပါတယ်။  ကူးစက်မှုအသစ်တွေ တိုးလာတာကြောင့် အာဏာပိုင်တွေဟာ အမေရိကန်နဲ့ ဥရောပက လာရောက်သူတွေအပေါ် ဝင်ခွင့် တင်းကျပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
1 year Ago
Up