ဇွန်လ ၂၁ ရက်ဟာ နိုင်ငံတကာယောဂနေ့ ဖြစ်တာမို့ အိန္ဒိယတနိုင်ငံလုံးမှာ ယောဂလေ့ကျင့် ခန်းနဲ့ အသက်ရှုလေ့ကျင့်ခန်း လုပ်တာတွေကို တွေ့ခဲ့ရပါတယ်။
ဝန်ကြီးချုပ် မိုဒီကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ယောဂလေ့ကျင့်တာက အရေးပါတယ်လို့ တိုက်တွန်းထားတာပါ။
နိုင်ငံတကာ ယောဂနေ့အတွက် ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ ဝန်ကြီးချုပ် မိုဒီက ကိုယ်ခံ စွမ်းအားကောင်းရင် ဒီရောဂါကို ခုခံနိုင်တယ်၊ ကိုယ့်ရဲ့ ကိုယ်ခံစွမ်းအား မြင့်တက်စေနိုင်ဖို့ ယောဂ နည်းတွေ အများကြီးရှိတယေလို့ ပြောပါတယ်။
မိုဒီက အသက်ရှူ လေ့ကျင့်ခန်းလုပ်တာဟာ ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ရာမှာ အထောက်အကူဖြစ်ကြောင်းလည်း ပြောပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ကူးစက်မှု များလာပါတယ်။
ဇွန်လ ၂၀ ရက်အထိ အတည်ပြုလူနာဦးရေ ၃၉၅,၀၄၇ ဦးရှိပြီး သေဆုံးသူက ၁၂, ၉၈၄ ဦး ရှိထားပါတယ်။
အိန္ဒိယဟာ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းမှာ အမေရိကန်၊ ဘရာဇီး၊ ရုရှားတို့နောက်ကနေ စတုတ္ထမြောက်နိုင်ငံအဖြစ် ရပ်တည်နေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago