နိုင်ငံတကာပွဲများ

November 2, 2019

တိုက်စစ်မှူး မက်ဆီ နိုင်ငံတကာပွဲများ ပြန်ကစားခွင့်ရ

တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ နိုင်ငံတကာ ပွဲပယ် ၃ လ ပြစ်ဒဏ် ပြည့်မြောက်သွားပြီး ပွဲကစားခွင့်တွေ ပြန်လည်ရရှိခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဇူလိုင်က ကိုပါအမေရိကားဖလားပြိုင်ပွဲ ချီလီနဲ့ တတိယနေရာလုပွဲမှာ အထုတ်ခံခဲ့ရပါတယ်။  အဲဒီနောက်မှာ မက်ဆီက ကိုပါဖလားပြိုင်ပွဲဟာ မျှတမှု မရှိဘဲ ဘရာဇီးအတွက် လုပ်ပေးထားတယ်ဆိုပြီး စွပ်စွဲ ပြောဆိုခဲ့ပါတယ်။  အဲဒီပြောဆိုချက်ကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာ ၃ လပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  မက်ဆီဟာ ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတာကြောင့် အာဂျင်တီးနားအသင်းရဲ့ လာမယ့်လမှာ ဘရာဇီး၊ ဥရုဂွေးတို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။
2 years Ago
Up