နိုင်ငံခြား‌

A d v e r t i s e m e n t With Us

May 27, 2020

နိုင်ငံခြား‌ရောက် ဖိလစ်ပိုင်နိုင်ငံသားများကို အမြန်ပြန်ခေါ်ရန် သမ္မတဒူတာတေး ညွှန်ကြား

ကိုဗစ်ကပ်ဘေးကာလ နိုင်ငံရပ်ခြားမှာ သောင်တင်နေတဲ့ ဖိလစ်နိုင်ငံသား  ၂၄,၀၀၀ကို နေရပ် ပြန်ခေါ်ရေးကို  မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့  သမ္မတရိုဒရီဂိုဒူတာတေးက မေ ၂၅ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။ မေ ၂၆ ရက်မှာတော့ နိုင်ငံခြားပြန် ဖိလစ်ပိုင်လုပ်သားရာချီဟာ မြို့တော်မနီလာမှာ ၁၄ ရက်ကြာ အသွားအလာစောင့်ကြည့် quarantine ဝင်ပြီးနောက် နေရပ်အသီးအသီးကို ပြန်သွားခဲ့ပါတယ်။   နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေဟာ နိုင်ငံအတွက် ငွေရှာပေးသူတွေဖြစ်ပြီး သမ္မတ ဒူတာတေးအပေါ် အဓိက ထောက်ခံသူတွေလည်း ဖြစ်ပါတယ်။  သူတို့ရဲ့ နှစ်စဉ် ဖိလစ်နိုင်ငံကို ပြန်ပို့ငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀ ကျော်ရှိပြီး ဖိလစ်ပိုင်  စီးပွားရေးမှာ အဓိကမောင်းနှင်အားတခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သန်းနဲ့ချီတဲ့ မိသားစုဝင်တွေကိုလည်း ထောက်ပံ့ပေးနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာလအတွင်း နိုင်ငံခြားပြန် ဖိလစ်ပိုင်နိုင်ငံသား ၃၀၀၀၀ ကျော် ရှိပါတယ်။  မေလ ၂၀ ရက် စာရင်းအရ ပြန်လာသူ အယောက် ၂၇,၀၀၀ မှာ ၅၁၅ ယောက်ဟာ ရောဂါပိုး တွေ့ရှိတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ မေ ၂၇ ရက်အထိ ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၈၆ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်အရ သိရပါတယ်။
9 months Ago
Up