နိုင်ငံခြားသူလျှို

A d v e r t i s e m e n t With Us

February 25, 2020

နိုင်ငံခြားသူလျှိုများ ကြားဝင်စွက်ဖက်မှုအန္တရာယ် ဩစတြေးလျ ရင်ဆိုင်နေရ

သြစတြေးလျနိုင်ငံဟာ နိုင်ငံခြားသူလျှိုတွေ ကြားဝင်စွက်ဖက်မှု အန္တရာယ်ကို မကြုံစဖူး ရင်ဆိုင်နေရတယ်လို့ ဝါအရင့်ဆုံး ထောက်လှမ်းရေး အကြီးအကဲတဦးက ရှားရှားပါးပါး မိန့်ခွန်းအတွင်း ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောပါတယ်။ နိုင်ငံအတော်များများဟာ လွှတ်တော်အမတ်တွေ အစိုးရ အရာရှိတွေ မီဒီယာလောကမှာ ထင်ရှားသူတွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ တက္ကသိုလ်ဆရာတွေကို သြဇာလွှမ်းဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေကြတယ်လို့ သြစတြေးလျ လုံခြုံရေးထောက်လှမ်းရေးဌာန (ASIO) ရဲ့ ညွှန်ချုပ် မိုက်ခ်ဘာဂက်စ်က ပြောပါတယ်။ ဧည့်ပါမောက္ခတွေနဲ့ သိပ္ပံပညာရှင်တွေဟာ တက္ကသိုလ်တွေဆီ ထိုးဖောက်ဝင်ရောက်ပြီး ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းယူတယ် နိုင်ငံခြားသူလျှိုတွေက ခေတ်မီဆန်းပြားတဲ့ ဆိုင်ဘာဖောက်ထွင်းရေး အခြေခံအဆောက်အဦတွေကို တပ်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ သြစတြေးလျနိုင်ငံထဲ လာခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။၊ မနှစ်က သြစတြေးလျရဲ့ ထိပ်တန်းတက္ကသိုလ်တွေဟာ တခြားနိုင်ငံတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုတွေကို ပိုပြီးပွင့်လင်းမြင်သာ ဖွင့်ပြဖို့ သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံခြားစွက်ဖက်မှု ထိန်းချုပ်ရေးအတွက် လုံခြုံရေးဌာနတွေနဲ့အတူ ဆိုင်ဘာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို မျှဝေဖို့လည်း သဘောတူခဲ့ကြပါတယ်။ ပြည်တွင်းမှာ အင်အားကြီးလာတဲ့ အစွန်းရောက် လက်ယာဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေလည်း တိုးလာတယ်လို့ ဘာဂတ်စ်က ပြောပါတယ်။ သြစတြေးလျ လုံခြုံရေး ထောက်လှမ်းရေးဌာန (ASIO) ဟာ သြစတြေးလျရဲ့ ပြည်တွင်း ထောက်လှမ်းရေးဌာနလည်း ဖြစ်ပါတယ်။
11 months Ago
Up