နိုင်ငံခြားသား ပြည်ဝင်ခွင့်

A d v e r t i s e m e n t With Us

December 28, 2020

နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ဆိုင်းငံ့မည်ဟု ဂျပန်အစိုးရ ကြေညာ

ဂျပန်နိုင်ငံကို ဗြိတိန်နိုင်ငံကနေ ရောက်လာသူတွေထံကနေ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ကို စစ်ဆေးတွေ့ရှိရလို့ ဒီဇင်ဘာ ၂၈ရက်က စပြီး ဇန်နဝါရီလကုန်ထိ ဂျပန် မဟုတ်သူတွေ ပြည်တွင်း ဝင်ခွင့်ကို ဆိုင်းငံ့မယ်လို့ ဂျပန်အစိုးရက ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာလိုက်ပါတယ်။  အသစ်ဝင်လာတဲ့ နိုင်ငံခြားသားတွေဟာ ဂျပန်နိုင်ငံထဲကိုဝင်ဖို့ ပြည်ဝင်ခွင့်အသစ်ကို လျှောက်ထားဖို့ကိုလည်း လမ်းညွှန်ထားပါတယ်။ ဂျပန်မှာ လေဆိပ်ပြင်ပ ပထမဆုံးတွေ့မှုအနေနဲ့ ဗြိတိန်မှာ တွေ့ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ် ကူးစက်ခံလူနာတွေကို တိုကျိုမြို့ထဲမှာ တွေ့ထားပြီလို့ ကျန်းမာရေးလုပ်သားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။ ဗြိတိန်မှာ စတွေ့ခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ မူကွဲသစ် ကူးစက်ခံ ၅ ယောက်က ဂျပန် နိုင်ငံတကာလေဆိပ်တွေက ရောဂါခြေချုပ်ဌာနတွေမှာ ရောက်နေပြီလို့ ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုပါတယ်။ သူတို့ ၅ ယောက်စလုံးဟာ ဗြိတိန်ကနေ ဂျပန်ကို ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၁ ရက်ကြား ပြန်လာခဲ့သူတွေလို့လည်း သိရပါတယ်။ ဗြိတိန်ကနေ အစပြု ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲသစ်ဟာ ပိုကူးစက်လွယ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ဂျပန်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က တရက်တည်းအတွင်း ကိုဗစ်-၁၉ အသစ်ကူးစက်ခံရသူ  ၃,၈၈၁ ယောက် ရှိပြီး ဒါဟာ လေးရက်ဆက်တိုက်အတွင်း နေ့စဉ် လူနာအများဆုံးတွေ့တဲ့ စံချိန်သစ်လည်း ဖြစ်ပါတယ်။
2 months Ago
Up