နိုင်ငံခြားသားခရီးသွား

October 10, 2021

ဘာလီလေဆိပ်တွင် နိုင်ငံခြားသားခရီးသွားများကိုကြိုဆိုရန် အစမ်းလေ့ကျင့်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကလေဆိပ်ဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို ကြိုဆိုဖို့ လုပ်ငန်းစဉ်တွေ အသင့်ဖြစ်ရေး အောက်တိုဘာ ၉ ရက်က အစမ်းလေ့ကျင့်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လုံးဝနီးပါး ပိတ်ထားရတဲ့ ဘာလီလေဆိပ်ကို အောက်တိုဘာ ၁၄ ရက်က စပြီး ပြန်ဖွင့်ဖို့ အစိုးရက ဆုံးဖြတ်အပြီး ခုလို လေ့ကျင့်တာပါ။

ရာချီတဲ့ လေဆိပ်ဝန်ထမ်းတွေက နိုင်ငံခြားသားခရီးသည်တွေကို ဝန်ဆောင်မှုပေးရမှာ ဖြစ်လို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို ကြိုဆိုမယ့် လုပ်ငန်းစဉ်တွေအကြောင်း လေဆိပ် အရာရှိတွေက သတင်းထောက်တွေကို လိုက်လံ ပြသရှင်းပြခဲ့ပါတယ်။

ခရီးသည်တွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ဟုတ်မဟုတ် စမ်းသပ်ခံအပြီး ရောဂါခြေချုပ်နဲ့ ၈ ရက် နေရမှာပါ။

ဘာလီကျွန်းအတွက် ခရီးသွားလုပ်ငန်းဟာ အဓိက ဝင်ငွေရင်းမြစ် ဖြစ်လို့ ပြန်ဖွင့်ပေးတာကို ဒေသခံတွေက စိတ်လှုပ်ရှားနေခဲ့ပါတယ်။

အရှေ့တောင်အာရှရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံ အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉  ကပ်ရောဂါ ပြန်ကူးစက်နေပြီး လူမှုရေးကန့်သတ်ချက်တွေက တိုင်းပြည်ရဲ့ စီးပွားရေး နာလန်ပြန်ထဖို့ အရေး အဟန့်အတား ဖြစ်နေပါတယ်။ 

1 week Ago
Up