နိုင်ငံခြားသား

November 16, 2022

APEC အစည်းအဝေးကာလ ထိုင်းလုံခြုံရေးတင်းကျပ်၊ နိုင်ငံခြားသား ၂၀၀၀ ကျော်အား ပြည်ဝင် ခွင့် ငြင်းပယ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နိုင်ငံတကာလေဆိပ်ကနေ ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့တဲ့ နိုင်ငံခြားသား ၂၀၀၀ ကျော်ရှိတယ်လို့  ထိုင်း လ.ဝ.က ရဲတပ်ဖွဲ့ ရဲချုပ် ဖတ်ဖုန်းဖိဖတ် ဆတ် ကျဖန်းက  နိုဝင်ဘာ ၁၃ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေ ပါဝင်တာကြောင့် လုံခြုံရေးကို အထူးတင်းကျပ်ဆောင်ရွက်နေပါတယ်။

လေဆိပ်ကနေ ငြင်းပယ်ခံရသူတွေဟာ လ.ဝ.က စည်းကမ်းချက်နဲ့ မညီညွတ်သူတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အောက်တိုဘာ ၁၀ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်နေ့တွေအတွင်း ထိုင်းနိုင်ငံထဲမှာ ရာဇဝတ်မှုကျူးလွန်သူ၊ ဥပဒေနဲ့မညီညွတ်သူ နိုင်ငံခြားသား ၇၈၅ ဦး၊ တရားမဝင် ဝင်ရောက်နေထိုင်သူ ၁၂၄၉  ရှိတယ်လို့ ထိုင်းလဝကရဲတပ်ဖွဲ့ ရဲချုပ်က ပြောပါတယ်။ 

ပြည်တွင်းက ရာဇဝတ်မှုနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ အရေးကြီးတရားခံ ၂ ဦးရှိကြောင်း၊ ပထမ ၁ ဦးမှာ အင်တာပို (နိုင်ငံတကာရဲတပ်ဖွဲ့က) အလိုရှိနေတဲ့ နိုင်းလီ ဆိုသူ တရုတ်အမျိုးသားဖြစ်ကြောင်း၊ သူဟာ အပလီကေးရှင်းဖွင့်ပြီး အွန်လိုင်းကနေ တရုတ်နိုင်ငံသားချင်း ငွေလိမ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နစ်နာသူပေါင်း ၄ သိန်းကျော်ဆီက ထိုင်းဘတ်သန်းပေါင်း ၅၀ ကျော်လိမ်လည်ပြီး တိမ်းရှောင်နေတာကြောင့် တရုတ်နိုင်ငံဘက်က စောင့်ကြည့်ဖမ်းဆီးပေးဖို့ အကူအညီတောင်းထားတာလို့ ဆိုပါတယ်။ 

နောက် ၁ ဦးမှာ နိုင်းကျန်းဆိုသူ ထိုင်ဝမ်နိုင်ငံသားဖြစ်ပြီး ကော်လ်စင်တာဖွင့်ကာ ထိုင်ဝမ်နိုင်ငံသားတွေအပေါ် လိမ်လည်နေသူဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်အတု ၃ အုပ် ကိုင်ဆောင်ကာ ထိုင်းနိုင်ငံမှာ လာရောက်ပုန်းရှောင်နေတာလို့ ဆိုပါတယ်။

ဒီမတိုင်ခင်  ကုန်တိုက်ကြီးတခုရဲ့ ကားပါကင်မှာ အနီရောင်ဇိမ်ခံကား ၁ စီးတွေ့ပြီး လိုင်စင်သက်တမ်း ၃ နှစ်ကုန်တာတွေ့လို့ ယာဉ်ပိုင်ရှင်ကို စောင့်ကြပ်စစ်ဆေးရာက biometrices စနစ်နဲ့ တိုက်ကြည့်ပြီး ထိုင်ဝမ်ကအလိုရှိနေတဲ့သူ့ကို ဖမ်းမိတာလို့ လဝကရဲချုပ်က ပြောသွားပါတယ်။ 

APEC အစည်းအဝေးကာလအတွင်း ဘန်ကောက်၊ နွန်ထပူရီ နဲ့ စမွတ်ပရကန် ခရိုင် ၃ ခုထဲမှာ အထူးအနေနဲ့ အစိုးရရုံးပိတ်ရက်ကာလသတ်မှတ်ပြီး ရုံးတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားပါတယ်။ အစည်းဝေးကျင်းပတဲ့ နယ်မြေရှိ ရာ့ချ်ဒါးဖိဆစ်လမ်းနဲ့ ဒုန်ဖိထပ်လမ်းကို ပိတ်ထားသလို ကျောက်ဖရားမြစ် ရေကြောင်းလမ်းလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဘန်ကောက်နယ်မြေတခုလုံး ဒရုန်းလွှတ်တင်မှုပိတ်ပင်ထားပြီး ထိုင်းက အိမ်ရှင်အဖြစ် တာဝန်ယူတဲ့ APEC အစည်းအဝေး အောင်မြင်စွာပြီးဆုံးဖို့ ထိုင်းနိုင်ငံသားတိုင်း အိမ်ရှင်ကောင်းပီသစွာ ဝိုင်းဝန်းပူးပေါင်းဖို့ အစိုးရက မေတ္တာရပ်ခံထားပါတယ်။ 

ကိုးကား - news.ch7/sanook.com

3 weeks Ago

November 9, 2022

ထိုင်းတွင် နိုင်ငံခြားသားများအား မြေကွက်ရောင်းချမည့် ဥပဒေမူကြမ်း ပြန်ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ စီးပွားရေးပြန်လည်ဦးမော့လာဖို့ နိုင်ငံခြားသားတွေကို ၁ ဦးလျှင် မြေကွက်ဧကဝက်စီ ရောင်းချပေးမယ့် ဥပဒေမူကြမ်းကို အတည်ပြုဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပေမယ့် ကန့်ကွက်သူတွေ များနေတာကြောင့် ပြန်လည်ရုပ်သိမ်းထားလိုက်ရပါတယ်။ 

ပြည်သူလူထုတွေရဲ့ အသံကို ပြန်လည်ဆန်းစစ်ကြည့်ဖို့အတွက် ဥပဒေမူကြမ်းဆိုင်းငံ့ထားဖို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစိုးရဝန်ကြီးများအဖွဲ့ကို တင်ပြထားရာမှာ နိုဝင်ဘာ ၈ ရက်  အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးပြီး နောက်ပြန်ဆုတ်ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့  ဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်းအနုချား ပူလူပ်ချိုင်းဆရီက ထုတ်ပြန်ပါတယ်။ 

ပြည်ထဲရေးဝန်ကြီး နိုင်းအနုဖုန်းဖောင်ကျင်းဒါးကလည်း ဒီကိစ္စဟာ ထိရှလွယ်ကြောင်း၊ နိုင်ငံခြား သားတွေကို မြေကွက်ရောင်းပေးခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မယ့် လူမှုစီးပွါးကောင်းကျိုးဆိုးကျိုးတွေကို ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အစိုးရရဲ့ ဥပဒေရေးရာတာဝန်ခံ ဒုဝန်ကြီး နိုင်းဝိစနုခေးငမ်းကလည်း နိုင်ငံခြားသားတွေ မြေဝယ် ယူခွင့်ဥပဒေတစ်ရပ်ကို လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ၊ ဒီဥပဒေတွေကို ပြည်သူတွေနားလည်အောင်သေချာရှင်းမပြခဲ့ရတဲ့ မိမိကိုယ်ကိုလည်း အပြစ်တင်ကြောင်း၊ ဥပဒေရဲ့ ရလဒ်ကောင်းကျိုးတွေရှိပေမယ့် “အမျိုးသားပိုင်မြေရောင်းစားတယ်” ဆိုတဲ့အသုံးအနှုန်းတွေ ထွက်ပေါ်လာတာကြောင့် ကန့်ကွက်မှုတွေရှိလာရတယ် ၊ အရင်လက ပြဋ္ဌာန်းတဲ့မူကြမ်းကို သဘော မတူရင်လည်း ၂၀၀၂ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်းပြန်သွားကြတာပေါ့၊ ဒါပေမဲ့ အခုပြဋ္ဌာန်းတဲ့ ဥပဒေမူကြမ်းက ၂၀၀၂ ထက်ပိုတောင်တင်းကျပ်သေးတာနော်၊ ၂၀၀၂ ဥပဒေမှာ ဝယ်ယူခွင့်ရှိသူလူတန်းစား ၄ မျိုးဆိုတာ မပါဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ကျဆင်းသွားတဲ့ စီးပွါးရေးကို ပြန်လည်မြှင့်တင်ဖို့ နိုင်ငံခြားသားတွေကို မြေကွက်ရောင်းချတာ၊ စီးပွါးရေးလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်းဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က သဘောတူချမှတ်ခဲ့ပါတယ်။

အဆိုပါ ဥပဒေမူကြမ်းအရ ထိုင်းနိုင်ငံမှာ ဘတ်သန်းပေါင်း ၄၀ အထက် အနည်းဆုံး ၃ နှစ်တာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသူ ချမ်းသာကြွယ်ဝသူ၊ ပင်စင်စားဝန်ထမ်း၊ လုပ်ငန်းရှင်၊ အတတ်ပညာရှင်တွေကို  တစ်ဦးလျှင် မြေ ဧကဝက်လောက် ဝယ်ယူခွင့်ပြုမယ်လို့ ဖော်ပြထားပါတယ်။  ဒါပေမဲ့ အတိုက်အခံပါတီနဲ့ မျိုးချစ်ဝါဒီတွေက အမိမြေရောင်းစားတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။

Ref- BangkokBiznews

1 month Ago
More News
Up