နိုင်ငံခြားရေးဝန်ကြီးနေရာ

January 19, 2020

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနေရာ အစားထိုး

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုရဲ့ နေရာကို အစားထိုးလိုက်တယ်လို့ ဆိုးလ်အခြေစိုက် NK News  က ဇန်နဝါရီ ၁၈ ရက်က ရေးသားဖော်ပြပါတယ်။  သူ့ရဲ့ရာထူးနေရာကို ဘယ်သူ့ကို အစားထိုးလိုက်တယ် ဆိုတာ မသိသေးပေမယ့် လာမယ့် ဇန်နဝါရီ ၂၃ မှာ ကြေညာဖို့ရှိတယ်လို့ သိရပါတယ်။ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနကတော့ အခု အပြောင်းအလဲကို သတိထား ချင့်ချိန်ရမယ်လို့ ပြောပါတယ်။  ရီဟောင်ဟိုဟာ ပြုံယမ်း နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စကားပြော ကျွမ်းကျင်သလို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ အဆင့်မြင့်ရာထူးတွေ တာဝန်ပေးခံရသူလည်း ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ လန်ဒန်မှာ မြောက်ကိုရီးယား သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေမှာ ဒုနိုင်ငံခြားရေးဝန်ကြီး  တာဝန်နဲ့လည်း တက်ရောက်ခဲ့ပါတယ်။ သူဟာ ၂၀၁၆  ကနေ ၂၀၁၈ အထိ  ကုလသမဂ္ဂရဲ့ အဆင့်မြင့်အစည်းအဝေးတွေကို တက်ရောက်ခဲ့သူဖြစ်ပြီး စက်တင်ဘာလက ကျင်းပတဲ့ ကုလသမဂ္ဂ ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးကိုတော့ မတက်ရောက်ခဲ့ပါဘူး။
1 year Ago
Up