နိုင်ငံခြားခရီးသွားသူ

January 4, 2021

ကိုဗစ် လော့ဒေါင်း ရှောင်လွှဲရန် နိုင်ငံခြားခရီးသွားသူများကို ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းကနေ ကင်းလွတ်ဖို့ နိုင်ငံခြား ခရီးသွားတဲ့လူတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၃ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီလူတွေဟာ ကိုယ့်ကြောင့် တဖက်သား ဒုက္ခရောက်မှာကို အကြီးအကျယ် သတိထားမိဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ အစိုးရ ထိန်းချုပ်ကန့်သတ်မှုကနေ ရှောင်ပြေးဖို့နဲ့ တခြားမှာ အပျော်ရှာဖို့ လေကြောင်းခရီးစဉ်တွေကို အသည်းအသန် ဝယ်နေတဲ့ လူတွေအကြောင်း သတင်းစာထဲမှာ ဖတ်ခဲ့ပြီးပြီလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။ “ဒီလူတွေဟာ အိမ်မှာ နေကြသူတွေ၊ အသွားအလာ ထိန်းချုပ်မှုကြောင့် အပြင်းအထန် ထိခိုက်ခဲ့တဲ့ လူအများအပြားရဲ့ စီးပွားရေးပြဿနာတွေနဲ့ နာမကျန်းသူတွေကို ထည့်မတွေးဘူး။ သူတို့ဟာ အားလပ်ရက်ခရီးသွားပြီး ပျော်ဖို့ပဲ တွေးခဲ့ကြတယ်။ ဒါဟာ ကျနော့်ကို တကယ့်ကို ဝမ်းနည်းစေတယ်” လို့ ဗာတီကန်မြို့ အပိုစတိုလစ်နန်းတော် စာကြည့်တိုက်ကနေ ပြောတဲ့ ရုပ်သံ မိန့်ခွန်းအတွင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
10 months Ago
Up