နိုင်ငံခြားကောင်စစ်ဝန်ရုံး

A d v e r t i s e m e n t With Us

December 20, 2019

ဟောင်ကောင်ဆန္ဒပြသူများ နိုင်ငံခြားကောင်စစ်ဝန်ရုံးများသို့ အသနားခံလွှာပေးအပ်

ဟောင်ကောင် ဆန္ဒပြသူတွေဟာ ဒီဇင်ဘာ ၁၉ ရက်က နိုင်ငံခြားကောင်စစ်ဝန်ရုံးတွေဆီ  ချီတက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ထောက်ခံပေးဖို့ အသနားခံလွှာတွေ ပေးအပ်ခဲ့ပါတယ်။ အနက်ရောင်ဝတ် ဆန္ဒပြသူ ၁၀၀၀ လောက်က အမေရိကန်အစိုးရပြုလုပ်တဲ့အတိုင်း တရုတ်အစိုးရအပေါ်  ဖိအားပေးတဲ့ လူ့အခွင့်အရေးဥပဒေတွေ ပြဌာန်းပေးဖို့ ကောင်စစ်ဝင်ရုံး ဝန်ထမ်းတွေကို အသနားခံလွှာတွေ ပေးအပ်ခဲ့တာပါ။   ဆန္ဒပြသူတွေဟာ အသနားခံလွှာတွေကို သြစတြေးလျ၊ ဗြိတိန်၊ အီးယူ၊ အမေရိကန်၊ ဂျပန်နဲ့ ကနေဒါနိုင်ငံ ကောင်စစ်ဝန်ရုံးတွေဆီ သွားရောက်ပေးအပ်ခဲ့ကြတာပါ။ ဟောင်ကောင်မှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၆ လကျော်နေပါပြီး ဟောင်ကောင်နိုင်ငံရေး မငြိမ်သက်မှုတွေအတွက် တရုတ်အစိုးရက နိုင်ငံခြားအင်အားစုတွေကို   အပြစ်ဖို့လိုက်ပြီး ဟောင်ကောင်အရေး ကြားဝင်စွက်ဖက်မှုတွေ ကျရှုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
1 year Ago
Up