နိုင်ငံခြားကိုယ်စားလှယ်များဆိုင်ရာ ဥပဒေဟာ ရုရှားကို ပြည်ပ သြဇာလွှမ်းမိုးမှုကနေ ကာကွယ်ရာ မှာသုံးဖို့ ပြဋ္ဌာန်းထားတာလို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အောက်တိုဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားအစိုးရဟာ နိုင်ငံခြားကနေ ရန်ပုံငွေပေးနေတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံခြားကိုယ်စားလှယ် ဒါမှမဟုတ် နိုင်ငံခြားသူလျှိုအဖြစ် တံဆိပ်တပ်လိုက်ပြီး သူတို့ဟာ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြောပါတယ်။
ဒီစကားလုံး အသုံးအနှုန်းဟာ ဆိုဗီယက်ခေတ်က အပြုသဘော မဆောင်တဲ့ ဂယက်အနက် အဓိပ္ပါယ်လည်း ရှိနေပြီး ဗျူရိုကရေစီဆိုင်ရာ အပိုစိစစ်မှုတွေအတွက် သတ်မှတ်ထားတဲ့ စကားရပ်လည်း ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။