နိုင်ဂျီးရီးယား

A d v e r t i s e m e n t With Us

December 31, 2020

ငွေကြေးလိမ်လည်သည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ဆက်နွှယ်သူ ၇ ဦးကို ထပ်မံဖမ်းဆီး

Facebook Messenger မှတစ်ဆင့် ဆက်သွယ်ပြီး ငွေကြေးလိမ်လည်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ ဆက်စပ်တဲ့ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးပြီးနောက် ဆက်စပ်သူတွေဖြစ်တဲ့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ သန်လျင်မြို့နယ်နေ မြန်မာနိုင်ငံသား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လက်ဆောင်ပစ္စည်းတွေအဖြစ် ဒေါ်လာနဲ့ ရွှေချောင်းတွေပို့ထားတယ်ဆိုပြီး အခွန်ဆိုင်ရာ ကိစ္စရပ်တွေဆောင်ရွက်ဖို့ ငွေလွှဲခိုင်းတာ၊ ဟောင်ကောင်ထီပေါက်တယ်ဆိုပြီး ထီဖိုးငွေအဖြစ် ငွေလွှဲခိုင်းတာတွေကို Facebook Messenger ကနေ လိမ်လည်ခဲ့သူတွေကို သိရပါတယ်။  ထပ်မံဖော်ထုတ်ဖမ်းမိသူတွေဆီကနေ MPU ကတ်မျိုးစုံ ၅၂ ကတ်၊ ဘဏ်စာအုပ်မျိုးစုံ ၆၈ အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု  ၃၉ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၄၃ ခု၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် ၄ ခု၊ နိုင်ဂျီးရီးယားနိုင်ငံ Passport စာအုပ် ၃ အုပ်၊ Memory Stick ၅ ခု၊ တံဆိပ်တုံး အတုမျိုးစုံ  ၂၇ ခုနဲ့ ငွေကျပ်သိန်း ၈၀ ကျော်ကိုထပ်မံ သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့မှ သိရပါတယ်။  ငွေလိမ်လည်မှုကို ဦးဆောင်ပြုလုပ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေဟာ အတူနေ မြန်မာအမျိုးသမီးတွေနဲ့ အိမ်ငှားတဲ့အခါ ၆ လသာနေပြီး မကြာခဏနေရာ ရွှေ့ပြောင်းနေထိုင်တဲ့အတွက် မသင်္ကာဖွယ်တွေ့ရင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြဖို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
2 months Ago

December 13, 2020

ကျောင်းသားများကို ပြန်ပေးဆွဲသွားသည့် ဂိုဏ်းနှင့် နိုင်ဂျီးရီးယားစစ်တပ် အပြန်အလှန် ပစ်ခတ်

နိုင်ဂျီးရီးယားစစ်တပ်ဟာ နိုင်ငံအနောက်မြောက်ပိုင်း ကတ်စီနာပြည်နယ်ထဲက အထက်တန်းကျောင်းသားတွေကို ပြန်ပေးဆွဲသွားတဲ့ သေနတ်သမားတွေရဲ့ တည်နေရာကို ရှာတွေ့အပြီး အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ သမ္မတက ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ AK-47 သေနတ်တွေကို ကိုင်လာတဲ့ ဂိုဏ်းဟာ ကန်ကာရာခရိုင်အတွင်းက အစိုးရသိပ္ပံ အထက်တန်းကျောင်းကို သောကြာည ၁၀ နာရီလောက်မှာ ဝင်လာခဲ့တာလို့ ရဲနဲ့ ဒေသခံတွေက ပြောပါတယ်။ ကျောင်းသား အယောက် ၈၀၀ ထဲက တဝက်လောက် ပျောက်နေတယ်လို့ မိဘ တယောက်နဲ့ ကျောင်းဝန်ထမ်းတယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ စစ်တပ်ဟာ ပြန်ပေးသမားတွေကို သစ်တောထဲမှာ ရှာတွေ့ပြီး လေကြောင်းစစ်ကူနဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သမ္မတ မူဟမ်မာဒူဘူဟာရီက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ သမ္မတရဲ့ ဇာတိပြည်နယ်မှာဖြစ်တဲ့ ဒီတိုက်ခိုက်မှုကို ဘူဟာရီက ပြစ်တင်ရှုတ်ချပါတယ်။ ကျောင်းသား ဘယ်နှယောက် ပြန်ပေးဆွဲခံ ပျောက်ဆုံးနေတယ်ဆိုတာ ဆုံးဖြတ်ဖို့ စစ်တပ်နဲ့ ရဲက အလုပ်လုပ်နေဆဲပါ။ တိုက်ပွဲကြောင့် ကျောင်းသားတချို့ ဘေးကင်းကင်း ထွက်ပြေးလာနိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး အထောက်အပံ့ဖြစ်ဖို့ တပ်ကူ ထပ်ချမယ်လို့ ရဲက ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှုအတွင်း အရာရှိတယောက် သေနတ်ထိမှန် ဒဏ်ရာရတယ်လို့လည်း သူတို့က ပြောပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေ များနေပါတယ်။ အရင်လက နိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ်မှာ အစ္စလာမစ် စစ်သွေးကြွတွေက လယ်သမားတချို့ကို သတ်ဖြတ်ပြီး တချို့ကိုတော့ ခေါင်းဖြတ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
3 months Ago
More News
Up