နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ် (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

April 16, 2016

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျက်စိမခွဲစိတ်မီ ပြင်ဆင်ထားမှု မြင်ကွင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့မှာ မျက်စိ ဘယ်ဖက်ကို ခွဲစိတ်ကုသမှု ထပ်မံခွဲစိတ်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မနက်ကလည်း နေပြည်တော်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှာ ညာဘက်မျက်စိခွဲစိတ် ကုသမှုခံယူခဲ့ပါတယ်။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်မျက်လုံး ခွဲစိတ်ကုသဖို့ အဆင်သင့်ပြင်ဆင်ထားရှိမှုအခြေနေကို တွေ့ရစဉ်။ photo credit-Nilar Nyein  
5 years Ago

April 9, 2016

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မှုအောင်မြင်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၉ နာရီက မျက်စိခွဲစိတ် ကုသခဲ့ပြီး ခွဲစိတ်မှုအောင်မြင်တယ်၊ အသေးစိတ်တော့ မပြောနိုင်ဘူးလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။ “အသေးစိတ်တော့ မပြောနိုင်ဘူး၊ မျက်စိခွဲတယ်၊ ဒီနေ့ မနက် ခွဲတယ်၊ အောင်မြင်သွားပြီ၊ ဒါပဲ။ အတွင်းတိမ်လား၊ အပြင်တိမ်လား၊ အောက်တိမ်လား၊ အပေါ်တိမ်လား ကျနော် မပြောနိုင်ဘူး၊” ဒီနေ့ အိမ်ပြန်လို့ရပြီဖြစ်ပြီး ဘယ်နှရက်နားရမယ်ဆိုတာတော့ ဆရာဝန်မေးမှပဲ သိမယ်လို့လည်း ပြောပါတယ်။ နေပြည်တော်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှာ ခွဲစိတ်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီခွဲမှာတော့ နိုင်ငံတော် သမ္မတ သတင်းမေးလာရောက်ခဲ့ပါတယ်။
5 years Ago

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ် (ဓာတ်ပုံ)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၉ နာရီက မျက်စိခွဲစိတ် ကုသခဲ့ပါတယ်။ နေပြည်တော်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှာ ခွဲစိတ်ခဲ့တာဖြစ်ပါတယ်။ မနက် ၁၀ နာရီခွဲမှာတော့ နိုင်ငံတော် သမ္မတ သတင်းမေးလာရောက်ခဲ့ပါတယ်။ ဓာတ်ပုံ - ပိုင်စိုး  
5 years Ago
Up