နိုက်ဂျာ

November 11, 2021

နိုက်ဂျာနိုင်ငံတွင် မူလတန်းကျောင်း မီးလောင်သဖြင့် ကျောင်းသား ၂၅ ဦး ထက်မနည်းသေဆုံး

နိုက်ဂျာနိုင်ငံတောင်ပိုင်း၊ နီယာမေမြို့တော်ရဲ့ အရှေ့ဘက် မိုင် ၃၇၀ ကျော်အကွာမှာ ရှိတဲ့ မာရာဒီမြို့က မူလတန်းကျောင်းမှာ နိုဝင်ဘာ ၈ ရက်က သက်ကယ်မိုး စာသင်ဆောင် မီးလောင်လို့ မူလတန်းကျောင်းသား ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဝန်ကြီးများကောင်စီက ကြေညာပါတယ်။

ကလေးနောက်ထပ် ၁၄ ယောက် ဒဏ်ရာရခဲ့ပြီး ငါးယောက်က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ ကြေညာချက်က ပြောပါတယ်။

ကျောင်းမှာ စာသင်တာကို ရပ်ဆိုင်းထားပြီး မာရာဒီမြို့မှာ ၃ ရက်ကြာ ဝမ်းနည်းခြင်း ကာလ ကြေညာထားပါတယ်။

မာရာဒီပြည်နယ်အုပ်ချုပ်ရေးမှူးက ကျောင်းကို လာရောက် စစ်ဆေးပြီး ဒဏ်ရာရသူတွေကို ကြည့်ဖို့ ဒေသန္တရ ဆေးရုံဆီ သွားခဲ့ပါတယ်။ ဒါဟာ အနောက်အာဖရိကနိုင်ငံအတွင်း ဒီနှစ်ထဲမှာ စာသင်ခန်း မီးလောင်လို့ ကလေးသေဆုံးတဲ့ ဒုတိယ ဖြစ်ရပ်ပါ။

ဧပြီလက နီယာမေမြို့တော်မှာ စာသင်ခန်းမီးလောင်လို့ မူကြိုကလေး အယောက် ၂၀ သေဆုံးခဲ့ပါတယ်။ 

ဒီဖြစ်ရပ် နှစ်ခုအပြီးမှာ မူကြိုကျောင်း စာသင်ခန်းတွေကို မြက်ခြောက်အမိုးနဲ့ ဆောက်ထားတဲ့ တဲထဲမှာ စာမသင်ဖို့ ဝန်ကြီးများ ကောင်စီက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

1 year Ago

January 4, 2021

နိုက်ဂျာတွင် တိုက်ခိုက်ခံရမှုကြောင့် ရွာသား ၁၀၀ သေဆုံးဟု ဝန်ကြီးချုပ် ပြော

နိုက်ဂျာနိုင်ငံအနောက်ပိုင်းက ရွာနှစ်ရွာ တိုက်ခိုက်ခံရပြီး လူ ၁၀၀ သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်မှာ ဝန်ကြီးချုပ် ဘရီဂီရာဖီနီက ပြောပါတယ်။ အစ္စလာမစ် အကြမ်းဖက်မှု ထူပြောနေတဲ့နိုင်ငံမှာ လတ်တလောကာလအတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ မာလီနိုင်ငံနဲ့ နယ်စပ်နားက အခင်းဖြစ်ရာနေရာကို ဝန်ကြီးချုပ်ကိုယ်တိုင် သွားခဲ့ပြီး တနင်္ဂနွေနေ့က တနိုင်ငံလုံးကို လွှင့်တဲ့ ရုပ်သံအတွင်း သူက သေဆုံးသူ အရေအတွက်ကို ကြေညာခဲ့တာပါ။ တီချုံဘမ်ကို့ရွာက လူ ၇၀ နဲ့ ဇာရောင်ဒါရေယေရွာက လူ ၃၀ သေဆုံးတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိသူ ဘယ်သူဆိုတာကိုတော့ သူက မပြောပါဘူး။ နိုက်ဂျာနိုင်ငံဟာ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ အစ္စလာမစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို မကြာခဏ ခံနေရတာပါ။ ပြိုင်ဘက် တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေကြား အပြန်အလှန် သတ်ဖြတ်မှုတွေက ဘာသာရေး စစ်ဝါဒီတွေရဲ့ အကြမ်းဖက်မှုနဲ့ ရှားပါးတဲ့ သယံဇာတရင်းမြစ်တွေအတွက် ပြိုင်ဆိုင်မှုတွေကို မီးထိုးပေးနေသလို မြင်ရတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
2 years Ago
Up