နိုက်ကလပ်

A d v e r t i s e m e n t With Us

August 24, 2020

ပီရူးတွင်ကိုရိုနာကန့်သတ်ချက်ချိုးဖောက်သည့် နိုက်ကလပ်ကို ရဲဝင်စီး၊ လူနင်းခံရ၍ ၁၃ ဦး သေဆုံး

ပီရူးနိုင်ငံ၊ လီမာမြို့က ပါတီပွဲ ကျင်းပနေတဲ့ နိုက်ကလပ်တခုကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကန့်သတ်ချက် ချိုးဖောက်မှုနဲ့ ရဲတွေက ဝင်ရောက် စီးနင်းပြီးရာမှာ အတင်းထွက်ပြေးကြတာကြောင့် လူ ၁၃ယောက် ထက်မနည်း လူနင်းခံရလို့ သေဆုံးခဲ့ပါတယ်။  သြဂုတ် ၂၂ ရက်ညက လူ ၁၂၀ လောက်က လီမာမြို့  သောမတ်စ်ရဲ့ စတိုဘာ နိုက်ကလပ်ကနေ ထွက်ပြေးခဲ့တာဖြစ်ပြီး ရဲအရာရှိ ၃ ယောက်အပါအဝင် လူ ၆ ဦးထက် မနည်း ဒဏ်ရာရခဲ့ပါတယ်။  အိမ်နီးချင်းတွေက တိုင်ကြားတာကြောင့် ပါတီပွဲကို ရဲတွေက ဝင်ရောက် စီးနင်းခဲ့တာလို့ အမျိုးသား ရဲအရာရှိတွေနဲ့ အစိုးရအရာရှိတွေက ပြောပါတယ်။  ကလပ်ပိုင်ရှင် ဇနီးမောင်နှံကို ဖမ်းဆီး ထိန်းသိမ်းပြီးပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၃ ရက်မှာ ပြောပါတယ်။  အစောပိုင်း ကြေညာချက်မှာတော့ သေဆုံးမှုတွေဖြစ်ရတာဟာ စီးပွားရေးသမား တယောက်ရဲ့ ရာဇဝတ်မှုဆိုင်ရာ တာဝန်သိစိတ် ကင်းမဲ့မှုအဖြစ် ဝန်ကြီးဌာနက အပြစ်တင် ပြောဆို ခဲ့ပါတယ်။  ပီရူးနိုင်ငံမှာ မတ်လကစပြီး နိုက်ကလပ်နဲ့ဘားတွေကို ပိတ်ဖို့ အစိုးရက အမိန့်ထုတ် ထားတာပါ။  လက်တင်အမေရိကမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းက ဒုတိယအမြင့်ဆုံး ရောက်နေလို့ သြဂုတ် ၁၂ ရက်မှာတော့ မိသားစု စုရုံးမှုကိုပါ တားမြစ်ပိတ်ပင်ချက် သက်တမ်းကို တိုးချဲ့ခဲ့ပါတယ်။  မိဘခွင့်ပြုချက်နဲ့ ပါတီပွဲသွားတက်သူ ၂၃ ယောက်ထက် မနည်းကို ရဲတွေက ထိန်းသိမ်းထား ပြီး စုံစမ်းစစ်ဆေးနေပါတယ်။  ပီရူးနိုင်ငံမှာ ဩဂုတ် ၂၂ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ၅ သိန်း ၈ သောင်း ၆ ထောင်နီးပါးရှိပြီး ဇူလိုင် ၂ ရက် မှတ်တမ်းဝင်ဦးရေရဲ့ ၂ ဆလည်း ဖြစ်ပါတယ်။
7 months Ago

July 6, 2020

အမေရိကန်ရှိ နိုက်ကလပ်တခုတွင် ပစ်ခတ်မှုဖြစ်၍ ၂ ဦးသေဆုံး

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ် ဂရင်းဗေလီက နိုက်ကလပ်တခုမှာ ဇူလိုင် ၅ ရက်က ပစ်ခတ်မှုဖြစ်လို့ လူ ၂ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ ဒေသန္တရငြိမ်ဝပ်ပိပြားရေးရုံးက ပြောပါတယ်။  ပြည်နယ်ရဲ့မြို့တော် ကိုလံဘီယာရဲ့အနောက်မြောက်ဘက် မိုင် ၁၀၀ အကွာမှာ ဒေသစံ တော်ချိန် မနက် ၂ နာရီလောက်က ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဒေသခံမီဒီယာ NBC က ပြောပါတယ်။  ဒဏ်ရာရသူတွေကို ဆေးရုံတင်ထားပြီး ပစ်ခတ်မှုဟာ ဂိုဏ်းတွေနဲ့ ပတ်သက်ကောင်း ပတ်သက်နိုင်တယ်လို့ ငြိမ်ဝပ်ပိပြားရေး အရာရှိကို ကိုးကားဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကပ်ဘေးအတွင်း နိုက်ကလပ်တွေကို ဆက်ပိတ်ထားဖို့ အုပ်ချုပ်ရေးမှူးက အထူးအမိန့်ထုတ်ပြန်ထားပါတယ်။  
8 months Ago
More News
Up