နား​​တောင်းချွတ်မပေးသဖြင့် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး ရိုက်သတ်ခံရ

October 24, 2019

နား​​တောင်းချွတ်မပေးသဖြင့် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး ရိုက်သတ်ခံရ

ပဲခူးတိုင်းဒေသ​ကြီး၊ ရွှေကျင်​မြို့နယ်၊ ပဒဲ​​ကော​ကျေးရွာအုပ်စု ငဖယ်အင်း​ကျေားရွာမှာ အောက်တိုဘာ ၂၃ ရက် ညက ၉ နှစ်အရွယ် မိန်းကလေး ၁ ဦးရိုက်နှက်ခံရ​ပြီး သေဆုံးခဲ့တယ်လို့ နယ်မြေစခန်းကတာဝန်ရှိသူက ​​​​ပြောပါတယ်။ အဖွားဖြစ်သူက ​မြေး​ဖြစ်သူ မောင်သန်းဇော်​ထွေး ၃ နှစ်နဲ့ မ​နော်​အေးသန်း ၉ နှစ် တို့ကို ကွမ်းရွက်နဲ့ မုန့်ဝယ်ဖို့ ရွာထဲရှိ​​စျေးဆိုင်သို့​စေလွှတ်ခဲ့ရာ မောင်သန်း​ဇော်​ထွေးတဦးတည်း ​​နေအိမ်ကို ငို​ပြီး​ပြန်လာခဲ့ပါတယ်။ ဒါ့ကြောင့် အဖွား​ဖြစ်သူကမေး​မြန်းရာ တရွာတည်း​နေသူ မပန်းအိ​ဖြူက မ​နော်​အေးသန်းကိုနေအိမ်​ပေါ် ဆွဲ​ခေါ်သွား​​ကြောင်း​​ပြန်​​​​ပြောပြလို့ ရပ်ရွာလူ​ကြီး​တွေနဲ့ မပန်းအိ​ဖြူ အိမ်ကိုသွား​ရောက်ရှာ​ဖွေရာ နေအိမ်​နောက်​ဖေးခန်းအတွင်း  ဒဏ်ရာတွေနဲ့ သေဆုံး​နေတဲ့ မိန်းကလေးကို တွေ့ရတာ​ဖြစ်ပါတယ်။ "အဖွားဖြစ်သူက​ မ​နော်​အေးသန်းကို ရွာထဲ စျေးဝယ်ခိုင်းတာကို မပန်းအိဖြူက စျေး​ကြုံ ဆီ မှာလိုက်တာ​​​ဖြစ်​​ပြီး မှာတဲ့ ဆီ လာပို့ချိန်မှာ နားတောင်းကို တောင်းယူရာမှာ မ​ပေးတာ ကြောင့်​အိမ်​ပေါ်မှာရှိတဲ့ ဆိုင်ကယ်ရှော့ဘားနဲ့ ရိုက်ပစ်လိုက်တာ” လို့​  ပဒဲ​ကောနယ်​​​မြေစခန်းမှူး ရဲအုပ်စန်းလွင်က ပြောပါတယ်။ "သူက​ငွေလိုနေတော့ နားတောင်း တောင်းတာမရတာနဲ့ ဆိုင်ကယ့်ရှော့ဘားနဲ့ ရိုက်ပစ်တာ။ ဒီနေ့ရုံးထုတ်​ပြီး ရမန်ယူထားပါတယ်။" လူသတ်မှုနဲ့ပတ်သတ်ပြီး မပန်းအိ​ဖြူကို ဘောကထာ နယ်​​မြေစခန်းမှူးက  ရာဇသတ်​ကြီး ဥပ​ဒေ ပုဒ်မ-၃၀၂​နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။ သတင်း- ​နေလင်းထိုက်
2 years Ago
Up