နားမကျန်းနွား

February 2, 2019

ပိုလန်က နာမကျန်းနွား သတ်ပြီးရောင်းချမှုကြောင့် ပြင်သစ်ကုမ္ပဏီ ၉ ခု ထိခိုက်

ပိုလန်သားသတ်ရုံတခုက တင်သွင်းလာတဲ့ အမဲသား ၇၉၅ ကီလိုကြောင့် ပြင်သစ် ကုမ္ပဏီ ၉ ခု လုပ်ငန်းထိခိုက်ရတယ်လို့ ပြင်သစ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ပိုလန်သားသတ်ရုံတခုက နာမကျန်းနွားတွေကို သတ်ပြီး လူတွေ စားသုံးဖို့ ရောင်းချတဲ့ ဗွီဒီယိုဖိုင် ပေါ်ထွက်လာပြီးနောက်မှာ ပြင်သစ်က ပြောကြားလိုက်တာပါ။ ပြင်သစ်ဝန်ကြီး ဒီဂျီရာ ဂီရွမ်းက “ဒါဟာ စီးပွါးရေးလိမ်လည်မှု၊ သန့်ရှင်းမှုဆိုင်ရာ လိမ်လည်မှု ဖြစ်တယ်” လို့ ပြောပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ နာမကျန်းနွားတွေကို ၀ါဆောမြို့ အရှေ့ဘက် မိုင် ၇၀ အကွာက သားသတ်ရုံဆီ ပို့ဆောင်ပြီး အဲဒီသားသတ်ရုံမှာ နွားတွေကို  သတ်ဖြတ်နေပုံ ပြသထားပါတယ်။ ပြင်သစ်ဝန်ကြီးက ပြင်သစ်နိုင်ငံကို ရောင်းချတဲ့ အသားတချို့ ဖော်ထုတ်နိုင်ပြီး ကျန်အသားတွေကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့အတွင်း ဖော်ထုတ်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ ပိုလန်နိုင်ငံဟာ နှစ်စဉ် အမဲသားတန်ချိန်  ၅၆၀,၀၀၀- ထုတ်လုပ်ပြီး ၈၅ ရာခိုင်နှုန်းကို ဗြိတိန်၊ စပိန်၊ အီတလီနဲ့ ဂျာမနီ အပါအ၀င် နိုင်ငံခြားကို တင်ပို့တယ်လို့ သိရပါတယ်။
3 years Ago
Up