နားထဲ မွှားဝင်နေမှု

A d v e r t i s e m e n t With Us

July 1, 2019

နားထဲ မွှားဝင်နေမှုကို ဖယ်ရှားသည့် ဗွီဒီယိုဖိုင် ထိုင်းဆရာဝန် ထုတ်ပြန် (ရုပ်သံ)

အမျိုးသမီးတဦးရဲ့ နားထဲကိုရောက်ရှိနေတဲ့ မွှားတကောင်ကို ရှင်းလင်းဖယ်ရှားပေးခဲ့တဲ့ရတဲ့ ထူးထူး ဆန်းဆန်းဖြစ်ရပ်တခုကို ထိုင်းဆရာဝန်တဦးက ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်ပေါ်မှာ ဝေမျှခဲ့ပါတယ်။ အမျိုးသမီးတဦးဟာ သူ့နားထဲ ဆူညံသံတွေကြားနေရာတာကြောင့် ဖစ်ဆာနှုလောက်မှာ ရှိတဲ့ ဘတ်ဟာချင်နာရတ် ဆေးရုံရောက်ရှိလာခဲ့ပြီး သူမရဲ့နားကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ နားထဲကို မွှားတကောင်ဝင်ရောက်နေတာကို တွေ့ခဲ့ရပါတယ်။ မွှားဟာ နားရဲ့အတွင်းပိုင်းကို ရောက်ရှိနေတာဖြစ်ပြီး သူဟာအမျိုး သမီးရဲ့ နားအတွင်းသားတွေကို ဖြည်းဖြည်းချင်း ကိုက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်ဒေါက်တာ ပီရီဒီး ချန်မွန်သွန်က ဒီမွှားဆုပ်အားကို အသုံးပြုဖယ်ရှားခဲ့ပါတယ်။ “ကံကောင်းစွာနဲ့ပဲ မွှားဟာ နားအတွင်းပိုင်းမှာ ဥ ဥထားခြင်း၊ စွဲဝင်နေခြင်းမျိုးမရှိခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးသာဆိုရင် သူ့ကိုဖယ်ရှားဖို့ အချိန်ကြာမြင့်စွာ လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ရင် ခွဲစိတ်ရနိုင်ပါတယ်” လို့လည်း ဒေါက်တာ ပီရီဒီးကပြောပါတယ်။ “ဒီဖြစ်ရပ်ကိုဥပမာယူပြီးတော့ တိရစ္ဆာန်ချစ်သူတွေအနေနဲ့ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေ ကို ရေပုံမှန်ချိုးပေးဖို့ ကျနော် သတိပေးချင်ပါတယ်။ အထူးသဖြင့် အခုလိုမိုးရာသီမှာ တိရစ္ဆာန်လေးတွေနဲ့ ပွတ်သပ်ဆော့ ကစားသူတွေ၊ တနေရာတည်း အတူတူအိပ်တဲ့သူတွေအနေနဲ့ ပိုမိုလိုအပ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
2 years Ago
Up